သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-22
ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့ စစ်တွေ နဲ့ ပေါက်တောမြို့နယ်မှာရှိတဲ့ နယ်မြေ ၂ ခုနဲ့ စခန်း ၆ ခုကို တိုင်းတပါးသား လူဦးရေ ထိန်းချုပ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2013-02-22
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
2013-02-22
ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ ကချင်ပြည်နယ်က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို လူမှုရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၂ သန်းခွဲ တိုးမြှင့်ပေးအပ်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာလိုက်ပါတယ်။
2013-02-22
မြန်မာနိုင်ငံမှာ ပြဌာန်းမယ့် မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု မှာ လေ့လာဖို့အတွက် မြန်မာပြည်က ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ဝါရှင်တန်ဒီစီမြို့တော်ကို အခုရောက်ရှိနေပါတယ်။
2013-02-22
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြန်လည် ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ အမေရိကန် အစိုးရတို့ နေပြည်တော် မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြ ပါတယ်။
2013-02-21
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner ဟာ နေပြည်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
2013-02-21
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနေရာကို ခန့်အပ်တာဝန်ပေးဖို့ အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးမြသိန်းကိုပဲ ပေးအပ်သင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
2013-02-21
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဘက်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ အရေးပေါ် အကူအညီ ပစ္စည်းတွေကို စစ်ဘေး ဒုက္ခသည်တွေရဲ့လက်ထဲ စတင်ဝေငှ ပေးနေပြီလို့ စုံစမ်း သိရှိရပါတယ်။
2013-02-21
မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဘွဲ့တခုရပြီးသား ကျောင်းသားတွေအတွက် ထိုင်းနိုင်ငံ တီမာဆတ် တက္ကသိုလ်က ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့တွေအတွက် ပညာတော်သင် ပေးမယ့် အစီအစဉ်တခု စတင်လိုက်ပြီလို့ သတင်းရရှိပါတယ်။
2013-02-21
ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဦးဆောင်တဲ့ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် နဲ့ ဒေသခံတွေ ဒီကနေ့ KIO ဌာနချုပ် ရှိရာ လိုင်ဇာမြို့ကို ရောက်ရှိသွားပြီး ကချင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရူပြီး လိုအပ်တဲ့အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။
2013-02-21
ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီး မစ္စတာ ဖရန်စစ်မော့ဒ် (Mr.Francis Maude) နဲ့အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုကိုကြီး၊ ကိုစိုးထွန်းတို့နဲ့ ဒီနေ့မနက်က ရန်ကုန်မြို့၊ အလံပြဘုရား လမ်းရဲ့ ဗြိတိန်သံအမတ်ကြီးနေအိမ်မှာ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေ တချို့ကို ဆွေးနွေးခဲ့ကြပါတယ်။
2013-02-21
မြန်မာနိုင်ငံအတွင်းမှာ အတင်း အဓမ္မလယ်ယာမြေ သိမ်းဆည်းတာတွေနဲ့အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် တပ်မတော် အရာရှိကြီးတွေကို မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က လာမယ့် မတ်လဆန်းမှာ ပထမဆုံးအကြိမ် သင်တန်းပေးဖို့ရှိတယ်လို့ စုံစမ်း သိရပါတယ်။
2013-02-21
မြန်မာနိုင်ငံမှာ ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်း ရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မနေ့က ပြောလိုက်ပါ တယ်။
2013-02-21
အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ ကိုနေမျိုးဇင်နဲ့အဖွဲ့ဟာ ဗန်းမော်မြို့ ကနေတဆင့် မနေ့ ညနေ ၅ နာရီလောက်မှာ လိုင်ဇာမြို့နဲ့ သိပ်မဝေးတော့တဲ့ လက်ဝါးယန်ရွာကို ရောက်ရှိခဲ့ကြ ပါတယ်။
2013-02-21
သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို လက်ခံပြီး၊ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းလိုက် တာကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။