သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-20
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Holiday Inn ဟော်တယ်မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
2013-02-20
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နဲ့ ချင်းပြည်နယ် ပညာရေး ရန်ပုံငွေအတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက အလှူငွေကျပ် သိန်း ၅၂၀ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တဆင့် ဒီကနေ့ ပေးအပ်လှူဒါန်းလိုက် ပါတယ်။
2013-02-20
မြန်မာနိုင်ငံမှာ ခေတ်အဆက် ဆက် နေထိုင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာလူမျိုး လုံးဝမရှိကြောင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း က ပြန်လည် ဖြေကြားခဲ့ပါတယ်။
2013-02-20
NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော် ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံ ပြီး နွေးနွေး ထွေးထွေး တိုင်ပင်ဆောင်ရွက်ရင် တိုင်းပြည် တိုးတက်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထပ်မံပြောကြား လိုက်ပါတယ်။
2013-02-20
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တန့်ယန်းမြို့နယ် အတွင်းမှာ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့ ဒီကနေ့ ထပ်မံတိုက်ပွဲဖြစ်ကြတယ်လို့ သိရပါတယ်။
2013-02-20
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့နှစ်ဦးဟာ မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက် မနေ့က ပြင်သစ်သမ္မတ ဖရန်စွာ အော်လန်ဒ်ရဲ့ အာရှတိုက်ဆိုင်ရာ အကြံပေးအရာရှိနဲ့ တွေ့ဆုံခဲ့ သလို ပြင်သစ်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့လည်း မြန်မာပြည်ဆိုင်ရာ ပြဿနာတွေကို ဆွေးနွေး ခဲ့ပါတယ်။
2013-02-20
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အပေါ် အထောက်အကူပြုနိုင်ဖို့ အတွက် ဒိန်းမတ်နိုင်ငံနဲ့ နယ်သာလန်နိုင်ငံက နိုင်ငံရေးကျွမ်းကျင်သူတွေ နဲ့ မြန်မာ့နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2013-02-20
ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းမှာ မနေ့ ညနေ (၃) နာရီခွဲလောက်က စတင်ပြီး နှစ်ဘက်တပ်တွေကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က ပြောပါတယ်။
2013-02-20
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ဝင်ငွေနည်းပါးသူတွေ အရစ်ကျဝယ်ယူနိုင်မယ့် ဈေးနှုန်း နဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မနေ့က တင်ပြခဲ့ပါ တယ်။
2013-02-19
ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ဝမ်းသူမောင် အားကစားကွင်းမှာ ဒီကနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
2013-02-19
မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီးပေးပို့တဲ့ အကူအညီတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖားကန့်မြို့က ဒုက္ခသည်စခန်းတွေကို စတင်ရောက်ရှိလာပါတယ်။
2013-02-17
လက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒ ထုတ်ဖော်တဲ့ သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ မီးလောင်ဗုံးသုံးဖို့ အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2013-02-17
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး နဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်အရေး နဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၁၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ တံခါးပိတ် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2013-02-17
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကျူးကျော်အိမ်ရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံ(၁၅၀)ကျော်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက "အကြောက်တရား"အမည် နဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2013-02-17
ရန်ကုန်မြို့တော်အတွက် ဖွံဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ကမာရွတ်မြို့နယ်၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို လာမယ့် ဖေဖော်ရီလ(၂၀)ရက်နေ့မှာ အပြီးပြောင်းရွှေ့ဖို့အတွက် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားလိုက်ပါတယ်။