သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-10
ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာကြီးဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2019-05-10
လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက် နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Facebook, Twiiter နဲ့ Google လူမှုမီဒီယာကုမ္ပဏီတွေက ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2019-05-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ လူ ၂၇ ဦးထဲက သုံးဦး စစ်တွေတပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
2019-05-10
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ ရထားလမ်းဖောက်လုပ်ဖို့အတွက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ လှိုဏ်ခေါင်းတစ်ခု စတင်ဖောက်လုပ်နေပြီလို့ တရုတ်မီးရထားဌာနက ပြောဆိုကြောင်း ဒီကနေ့ထုတ် တရုတ်ဆင်ဟွာသတင်း တပုဒ်မှာဖော်ပြထားပါတယ်။
2019-05-10
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ မတ်လအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပျောက်ဆုံးနေတဲ့ မန်လီကျေးရွာသားလေးဦး ဒီနေ့အထိ နေရပ်မပြန်လာသေးတဲ့အတွက် မိသားစုတွေက သူတို့လေးဦး ပြန်ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။
2019-05-10
လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က နောက်ယောင်ခံလိုက်ပြီး သတင်းရယူတာတွေဟာ ဥပဒေနဲ့ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားလိုက်ပါတယ်။
2019-05-10
ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က မြန့်မာတပ်မတော်က ထိန်းသိမ်းတာခံလိုက်ရတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက ရွာသား၂၇၅ ယောက်ထဲက အယောက် ၅ဝ နီးပါး မလွတ်ဘဲ ကျန်နေသေးတဲ့အပေါ် အထူးစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကနေ့ မေလ ၁ဝ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2019-05-10
ဒီနေ့ခေတ် တိုးတက်နေတဲ့နိုင်ငံတွေမှာ အကျဉ်းသားတွေကို နောင်ကြဉ်အောင် ပြစ်ဒဏ်ပေးတယ်ဆိုတာထက် သူတို့ကိုလည်း လူသားတွေအဖြစ် အသိအမှတ်ပြုဆက်ဆံပြီး၊ အတွေးအခေါ်နဲ့ဆင်ခြင်တုံတရားတွေ ပြောင်းသွားအောင် စိတ်ပညာရှင်တွေ၊ ဆေးပညာရှင်တွေနဲ့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။
2019-05-10
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင်အတွင်း ဆန္ဒပြတာတွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်တင်ခဲ့တဲ့ အကျဉ်းသားအပါအဝင် လေးဦးကို အကျဉ်းထောင်အက် ဥပဒေ ပုဒ်မ ၄၂ နဲ့ အရေးယူထားပြီး ဖုန်းပေးခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းကိုတော့ စိစစ်ပြီး တရားစွဲဆိုသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ပြောပါတယ်။
2019-05-10
ပြည်ထောင်စုအစိုးရ ဦးဆောင်မှုအောက်မှာ တပ်မတော် ရှိ၊ မရှိ မေးခွန်း ဒီနေ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပါမလာတာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြောလိုက်ပါတယ်။
2019-05-10
မကွေးမြို့ ဘုရားလမ်းကျောက်သားဥယျာဉ်အနီးမှာ M-စီးရီးသေနတ်အမျိုးအစားသုံး ကျည် ၇၈၂ တောင့် တေ့ွရှိခဲ့ရာ တပ်မတော်ထံ လွဲှပြောင်းပေးအပ်သွားမယ်လို့ မကွေးမြို့မ ရဲစခန်း ယာယီစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်း က RFA ကို ပြောပါတယ်။
2019-05-10
လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဖက်ရေးရာလုခြုံရေးအဖွဲ့က နောက်ယောင်ခံလိုက်ပြီး သတင်းရယူတာတွေဟာ ဥပဒေနဲ့ ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားလိုက်ပါတယ်။
2019-05-10
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းရွာကြားမှာ ဒီနေ့မနက်က တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်တော်ဒေသခံတွေက RFA ကို ပြောပါတယ်။
2019-05-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာ စစ်တွေတပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
2019-05-09
RFA ကို ပေးတဲ့စာ ရေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒီပတ်မှာတော့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်… စတဲ့တိုင်းနဲ့ပြည်နယ်တွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုသန့်ဇင်ဦးတို့ က တင်ပြထားပါတယ်။