သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-09
မွန်ပြည်နယ် သံဖြူဇရပ် ကြံ့ခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းမပေါ်မှာ ဒီဇင်ဘာလ ၈ ရက် မနေ့ည ၈ နာရီခွဲအချိန်က ဆိုင်ကယ်စီးလာတဲ့ အသက် ၅၁ နှစ်အရွယ် ဦးသားငယ်ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲဝင်တွေက သေနတ်နဲ့ပစ်ခတ်တာ ကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-12-09
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဆက်စပ် တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်ဟာ အစာအိမ်ရောဂါကြောင့် သံတွဲအကျဉ်းထောင်မှာ ဆေးကုသမှုခံယူနေ ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-09
စစ်တပ်အာဏာသိမ်းတာကို လက်မခံဘူး ဆိုတာကို ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ငြိမ်သက်သပိတ်ပြုလုပ်ပြီး ဆန္ဒပြကြဖို့ အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်ကို လိုက်နာရင် အသက်နဲ့ စီးပွားဥစ္စာတွေ အာမမခံဘူး ဆိုတဲ့ ခြိမ်းခြောက်စာတွေ ဟုမ္ပလင်းမြို့က လမ်းတွေပေါ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ပျံ့နှံနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2021-12-09
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ဖြန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်မယ့် အသံတိတ်သပိတ်နေ့မှာ မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အပြင်မထွက်ကြဖို့နဲ့ ခရီးသွားလာတာ မလုပ်ဖို့ အဆင့် ၄ ရှိတဲ့ သတိပေးချက်ကို ဒီနေ့မှာပဲ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
2021-12-09
ရန်ကုန်မြို့မှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ကို ဒီဇင်ဘာလ ၈ ရက် မနေ့မှာ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ် သုံးနှစ် ထပ်မံချလိုက်ပါတယ်။
2021-12-09
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ ဝန်ကြီးသုံးဦးနဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးတို့ကို ဒီဇင်ဘာလ ၈ ရက်က အိုးဘိုအကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
2021-12-09
စစ်အာဏာသိမ်းပြီးတဲ့နောက် ဧရာဝတီတိုင်းက မြို့ပြလူထုသပိတ်တွေ အင်အားသုံးဖြိုခွင်းခံရချိန်မှာတော့ ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းဆရာ ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်လမ်းစဥ်အတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
2021-12-09
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဋ္ဌာနရဲ့အမိန့်အရ ဆက်သွယ်ရေး အော်ပရေတာတွေဟာ အင်တာနက်ဝန်ဆောင်ခ နှုန်းထားတွေကို ဒီဇင်ဘာ ၈ ရက် မနေ့ကစပြီး နှစ်ဆနီးပါးတိုးမြှင့်လိုက်ပါတယ်။
2021-12-09
ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ကိုဗစ်ကပ်ရောဂါနဲ့ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ တွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့ပြဆင်ခြေဖုံးမှာ နေထိုင်သူတွေရဲ့ ဆင်းရဲငတ်မွတ်မှုဘေးဟာ လာမယ့်နှစ်မှာ သုံးဆမြင့်တက်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
2021-12-09
NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့အမှုနှစ်ခုထဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ စစ်ဆေးရမယ့် တရားလိုပြသက်သေ မလာတဲ့ အတွက် နောက်တစ်ပတ် လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-09
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၂၉၃ ယောက် စံချိန်တင် အကျဉ်းချခံခဲ့ ရပြီး အဲဒီထဲက လေးပုံတစ်ပုံဟာ တရုတ်နဲ့ မြန်မာနိုင်ငံက သတင်းသမားတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဒီနေ့ပြောလိုက်ပါတယ်။
2021-12-09
ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြန်မာစစ်ခေါင်းဆောင် တွေကို အာဆီယံက အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားချိန်မှာပဲ လာမယ့်နှစ် ကျင်းပမယ့် အာဆီယံ အစည်းအဝေးတွေကို တက်ရောက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။
2021-12-09
NLD အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အပါအဝင် ဒုဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ထွန်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့ သုံးဦးကို စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-09
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စပယ်နံ့သာရွာက CDM အလယ်တန်းပြဆရာ ဦးလှိုင်ဝင်းကို စစ်ကောင်စီ တပ်သားတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီဆိုတဲ့အကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ မိသားစုထံ အကြောင်းကြားလာ တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-08
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ဟာ ဂျပန်အစိုးရကို အပြိုင်ချည်းကပ်နေပြီး နိုင်ငံရေးအားသာမှု ရအောင် ကြိုးစားနေကြတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။