သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-10
စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးခဲ့တယ်လို့ ညဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။
2024-02-10
ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာဆယ်ရွာက အရပ်သားတွေ ထွက်ပြေးနေရပါတယ်။
2024-02-10
ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ တစ်နှစ်အတွင်း ပြီးပြတ်တော့မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2024-02-09
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့နေတဲ့အထဲမှာ ပန်းချီဆွဲ၊ တက်တူးထိုးပြီး ပါဝင်နေတဲ့ စောစေးဝါးလည်း ပါဝင်ပါတယ်။
2024-02-09
ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ လက်ထိပ်ခတ်ဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့က မယွန်းစန္ဒီမောင် ဓာတ်ပုံတွေနဲ့အတူ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတွေမှာ ဖြန့်ဝေထားပါတယ်။
2024-02-09
ကယားပြည်နယ် ဘောလခဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် စခန်းကုန်းကို လက်နက်ကိုင်အင်အားစုတွေက သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်လိုက်ပါတယ်။
2024-02-09
မြန်မာပြည်အရေးကို အမေရိကန်လွှတ်တော်မှာ ဆွေးနွေးတွန်းအားပေးနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ရဲ့ ကြိုးပမ်းမှုက မြန်မာပြည်အရေးနဲ့ မြန်မာဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-02-09
ဖားကန့်မြို့နယ်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တွေထဲက သုံးထောင်နီးပါးကို နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။
2024-02-09
ရခိုင်ပြည်နယ်ထဲက မြို့ငါးမြို့နဲ့ စစ်ကောင်စီတပ်ရင်း (၁၁) ရင်းကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ခဲ့ပြီး ရေတပ်ရဲ့ ကမ်းထိုးဇက်ရေယာဉ်သုံးစင်းကိုပါ နစ်မြုပ်အောင်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
2024-02-09
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ငါးဆယ်ခန့် သေဆုံးကာ၊ တစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။
2024-02-09
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာက စစ်ကောင်စီတပ် နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2024-02-09
ကျိုက်မရော အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတဲ့အပေါ် မကျေနပ်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးဟာ ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၁ နာရီလောက်ကစလို့ အစာငတ်ခံ ဆန္ဒပြနေပါတယ်။
2024-02-09
အာဏာသိမ်းပြီးချိန်ကနေ သုံးနှစ်အတွင်း NLD ပါတီဝင်ပေါင်း ၂၀၄၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2024-02-09
ကန်ကြီးထောင့်မြို့နယ်က NLD ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးကနေ ရလာတဲ့ဒဏ်ရာတွေကြောင့် ပုသိမ် ထောင်တွင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
2024-02-09
ကောလင်းမြို့ကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။