သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-09
နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်ကို အသက် ၆၀ အထိသာ သတ်မှတ်ဖို့အဆိုကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုရာထူး ဝန်အဖွဲ့က ကန့်ကွက်ပေမယ့် ထောက်ခံသူများ တာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အတည်ပြု လိုက်ပါတယ်။
2015-07-09
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာမယ့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေကတဆင့် ပြင်ဆင်နိုင် မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။
2015-07-09
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်၊ လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခွင့်နဲ့ အစိုးရအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီ ကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃ဝ လောက်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆံုံးဖြတ်ရာမှာ ပြင်ဆင်ချက် အားလံုံးနီးပါး ရှုံးနိမ့်ခဲ့ပါတယ်။
2015-07-09
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခွင့်နဲ့ အစိုးရအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃ဝ လောက်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆံုံးဖြတ်ရာမှာ ပြင်ဆင်ချက် အားလံုံးနီးပါး ရှုံးနိမ့်ခဲ့ပါတယ်။
2015-07-09
ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးစီမံကိန်းလိုမျိုး အထပ်မြင့်အဆောက် အဦး ဆောက်လုပ်ရေးစီမံကိန်းတွေကို ခွင့်ပြုတော့ မှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-07-09
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခွင့်၊ လွှတ်တော် ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခွင့်၊ အစိုးရ အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီ ကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃၀ လောက်ကို မဲခွဲဆံုံးဖြတ်ရာမှာ ထောက်ခံ သူနည်းတာကြောင့် အရေးကြီးပုဒ်မအားလုံး မပြင်ဆင်နိုင်တော့ဘဲ အားလံုံးနီးပါး ရှုံးနိမ့် သွားပါတယ်။
2015-07-09
ရွှေတိဂုံစေတီအနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးဝမ်း အိမ်ရာစီမံကိန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-07-09
မြန်မာနိုင်ငံရဲ့ ပထမဆုံး “လူသားနဲ့ ဇီဝအဝန်းနယ်မြေ” အဖြစ် သတ်မှတ်လိုက်တဲ့ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့က အင်းလေးဒေသ ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ဒေသခံတွေ ပူးပေါင်းပါဝင်နိုင်ဖို့ ဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျေးလက်ဒေသတွေက ငွေကြေးမတတ်နိုင်တဲ့ ဆယ်တန်း ကျောင်းသားကျောင်းသူတွေကို အခမဲ့ သင်ကြားပေးနေတဲ့ “ရိုးမအလင်း” ကျောင်းမှာ နယ်မြို့တွေက လာပြီး ပညာသင်ယူသူတွေ များလာပါတယ်။
2015-07-08
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန် မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးမှာ မနေ့က စတင်စစ်ဆေးခဲ့ရာမှာ၊ တရားလိုပြသက်သေ ထိုင်းရဲ အရာရှိတွေရဲ့ ထွက်ဆိုချက်တချို့ဟာ မှတ်တမ်းနဲ့ ကွဲလွဲနေတယ်လို့ သိရပါတယ်။
2015-07-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ တောင်သူ ဒေါ်ခင်ဝင်းသေနတ်မှန်သေ ဆုံးခဲ့တာကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့သူ ဦးဘမြင့် ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်လိုက် ပါတယ်။
2015-07-08
ထားဝယ်ခရိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးနဲ့ ကျောင်းသား ၄ ယောက်ကို တရားမဝင်စီတန်းလှည့် လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ကျပ် ၃ သောင်း ပေးဆောင်ဖို့ ထားဝယ်မြို့နယ် တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2015-07-08
အများက ကန့်ကွက်ထားတဲ့ ဒဂုံစီးတီးစီမံ ကိန်းလိုမျိုး အထပ်မြင့်အဆောက်အဦးတွေ ကို ရွှေတိဂုံစေတီတော်နားမှာ ဆောက်လုပ်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-07-08
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကို သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်အစား သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်တင်မြှောက်ခွင့်တို့ကို ပြင်ဆင်ထားတဲ့ ပုဒ်မ အပါအဝင် ပုဒ်မပေါင်း ၃၀ လောက်ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မဲခွဲ ဆုံးဖြတ်ရာမှာ ကန့်ကွက်သူကိုယ်စားလှယ်များတာကြောင့် အဓိကပြင်ဆင်ထားတဲ့ ပုဒ်မအားလုံး ရှုံးနိမ့်သွားပါတယ်။
2015-07-08
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့ မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မနေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီး ကော်မရှင်အဖွဲ့ခွဲတွေထံကိုလည်း အကြောင်းကြားလိုက်ပါတယ်။