သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-24
စက်တင်ဘာ ၂၃ ရက် မနေ့က ရန်ကုန်ကို ပြန်ရောက်လာတဲ့ NLD ပါတီဗဟိုက သွားရောက်တဲ့ နယ်လှည့်ခရီးစဉ် နှစ်ခုလုံး အောင်မြင်ကြောင်း မိမိတို့ တွေ့ဆုံခဲ့ရတဲ့ NLD အောက်ခြေအဆင့်နဲ့ ပြည်သူတွေကလဲ အဖွဲ့ချုပ်က တင်ပြတဲ့ သဘောထားတွေကို လက်ခံကြောင်း အဖွဲ့ခေါင်းဆောင်နှစ်ဦးက RFA ကို ပြောပါတယ်။
2010-09-24
လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ဒေါ်ခင်ခင်ဝင်းတို့သားအမိနှစ်ဦး မဲပေးခွင့်ရမယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၂၄ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။
2010-09-24
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ၃ နှစ်ပြည့်အဖြစ် တောင်းဆိုလိုက်ပါတယ်။
2010-09-24
အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ကျင်းပမဲ့ ထိပ်သီး အစည်းအဝေး အတွင်း တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေ အဆုံးသတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (Human Rights Watch) က စက်တင်ဘာ ၂၃ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
2010-09-24
မြန်မာ အမျိုးသမီးငယ် ဂျူးဂျူးရဲ့ ဘဝနဲ့အားမာန်တွေကို ရိုက်ကူး တင်ပြထားပါတယ်။
2010-09-24
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်သမတ အိုဘားမားနဲ့ စက်တင်ဘာ ၂၄ ဒီကနေ့ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါ အမေရိကန်နဲ့ အာဆီယံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စ၊ အရှေ့အာရှ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအပြင် မြန်မာနိုင်ငံအရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
2010-09-24
မြန်မာစစ်အစိုးရဟာ နျူကလီယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိတဲ့ လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ စစ်အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဦးတင်ဝင်းက ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို စက်တင်ဘာ ၂၃ ရက် မနေ့က ပြောလိုက်ပါတယ်။
2010-09-23
ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ရဲ့ သားထွေး ကဗျာဆရာ၊ စာရေးဆရာ ဦးမိုးဟိန်းဟာ လည်ချောင်း ကင်ဆာရောဂါနဲ့ စက်တင်ဘာ ၂၃ ရက် ဒီမနက်မှာ ကွယ်လွန်သွားပါတယ်၊
2010-09-23
တောင်ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲတရပ်ကို စက်တင်ဘာ ၂၈ ရက်နေ့ စစ်အစိုးရ နေပြည်တော်မှာ ကျင်းပသွားဖို့ ရှိကြောင်း ကိုရီးယားဘာသာနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျိုဆွန်းသတင်းစာမှာ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ရေးသား ဖော်ပြလိုက်ပါတယ်။
2010-09-23
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် အရှင်ပညာစာရရဲ့ ရှေ့နေ နှစ်ဦးကို တရားရုံးက စက်တင်ဘာ ၂၂ ရက် မနေ့က ရှေ့နေပါဝါ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2010-09-23
ရွေးကောက်ပွဲဝင်မတိုင်ခင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် နိုင်ငံရေးပါတီတွေ မဲဆွယ်မဲ့ကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2010-09-23
စက်တင်ဘာ ၂၁ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ International Crisis Group ခေါ် အိုင်စီဂျီၤရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ KIO အဖွဲ့အနေနဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ ဖော်ပြချက်ကို KIO က ငြင်းဆိုလိုက်ပါတယ်။
2010-09-23
မြန်မာစစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၄,၂၀၀ အတိုးမဲ့ ထုတ်ချေးဖို့ တရုတ်အစိုးရက သဘောတူလိုက်တယ်လို့ သိရပါတယ်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မကြာခင်က တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒီသဘောတူညီချက် ရရှိခဲ့တာလို့ ဆိုပါတယ်။
2010-09-23
စက်တင်ဘာ ၂၃ ရက်၊ ဒီကနေ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို လာရောက်တွေ့ဆုံတဲ့ သြစတြေးလျ သံအမတ်ကြီး Ms. Michelle Chan က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများ တွေ့ဆုံခွင့် ကြန့်ကြာမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2010-09-23
မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အဆိုကို ပြင်သစ်အစိုးရက ထောက်ခံလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲ အတွင်း ပြင်သစ်အစိုးရက လူသိထင်ရှား ကြေညာခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံထဲက နိုင်ငံတကာပြစ်မှု ကျုးလွန်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း ၄ ခုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။