သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-20
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ အမေရိကန်လွှတ်တော်အမတ် တွေဟာ မောင်တောဒေသအရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP နဲ့ စစ်တွေမြို့က ပါတီဌာနချုပ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-20
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာနတို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ စာပေးပို့ထားကြောင်း နာယက မန်းဝင်းခိုင်သန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
2017-11-19
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး ဆွေးနွေးကြမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်း က ပြောပါတယ်။
2017-11-19
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်တွင်းက စေတနာရှင်တွေရဲ့ လှူဒါန်းငွေကျပ်သိန်းပေါင်း ၆ ထောင် လက်ခံရရှိထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
2017-11-19
လက်ရှိအချိန်မှာ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ဟောင်းတွေ ဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး ပုံမှန်ဈေးထက် တစ်အိတ်ကို ပျမ်းမျှ ကျပ် ၈၀၀၀ ဝန်းကျင်လောက် ဈေးနှုန်းမြင့်တက်နေပါတယ်။
2017-11-19
ဒီနေ့ကမ္ဘာမှာ ကလေးလုပ်သား ၁၅၂ သန်းရှိနေပြီး မြန်မာနိုင်ငံမှာလည်း လ္ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စက်ရုံတွေအပြင် ကလေးတွေနဲ့ မအပ်စပ်တဲ့နေရာတွေမှာ ကလေးလုပ်သားတွေ ရှိနေပါတယ်။
2017-11-19
ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရမှာ အဆင့်သုံးဆင့် စီမံကိန်းရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ က ပြောပါတယ်။
2017-11-19
တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ ချီတက်ပွဲကို မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများအဖွဲ့ က ဦးဆောင်ပြီး သံဃာနဲ့ လူအင်အားတစ်ထောင်ကျော်က ဒီကနေ့ မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ပွဲနဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
2017-11-19
လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ဆွေးနွေးကြ မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ဒီနေ့ ပြောပါတယ်။
2017-11-19
မူလကျောင်းသားသမဂ္ဂအဆောက်အဦးနေရာမှာ မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခြင်း မပြုဖို့ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ စုပေါင်းထုတ်ပြန်တဲ့ သဘောထားကြေညာချက်ကို သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
2017-11-19
ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အတွင်း က စေတနာရှင်တွေရဲ့ လှူဒါန်းငွေကျပ်သိန်းပေါင်း ၆ ထောင်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ UEHRD စီမံကိန်းအောက်က ခွဲဝေသုံးစွဲသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဒီနေ့ ပြောပါတယ်။
2017-11-19
ပြည်တွင်းစားသုံးမှုများတဲ့ ပေါ်ဆန်းမွှေးနဲ့ တောင်ပျံ အုပ်စုဝင် ဆန်ဟောင်းတွေဟာ လက်ရှိအချိန်မှာ ဈေးနှုန်း အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီး ပုံမှန်ဈေးနှုန်းထက် တစ်အိတ်ကို ပျမ်းမျှ ကျပ် ၈၀၀၀ ဝန်းကျင်လောက် မြင့်တက်နေပါတယ်။
2017-11-19
မြန်မာနိုင်ငံမှာ အကြီးဆုံး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က သပြေကုန်းအဝိုင်းမှာ ထုလုပ်ထားရှိသွားမယ်လို့ ရုပ်ထုဖြစ်မြောက်ရေးကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ် က ဒီကနေ့ ပြောပါတယ်။
2017-11-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဟာ နှစ်နိုင်ငံကြားဆက်ဆံရေး၊ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဒီနေ့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-11-18
နိုဝင်ဘာလ ၁၆ ရက်နေ့က ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှာ သတ္တမတန်း ကျောင်းသူ တစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပြီးနောက် ၆ နာရီခန့်အကြာမှာ သေဆုံးသွားခဲ့ရာ ကျန်းမာရေးဦးစီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ကာကွယ်ဆေးနဲ့ ဆက်စပ်မှု ရှိ၊ မရှိ အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။