သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-02
'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေကို အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ဦးဆောင်တဲ့အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက 'ဝ' ဒေသ ပန်ဆန်းမှာ သွားရောက်တွေ့ဆုံပြီး အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လာမယ့် နှစ်လအတွင်း ကျင်းပဖို့ ကြိုးစားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြောင်း ဆွေးနွေးခဲ့ပါတယ်။
2016-05-02
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မနေ့ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြီးတာကြောင့် နေအိမ် တစ်ထောင်ကျော် ပျက်စီးခဲ့ပါတယ်။
2016-05-02
အစိုးရသစ်လက်ထက် သတင်းစာတွေ အသွင်ပြောင်းတဲ့အတွက် ပုဂ္ဂလိက သတင်းစာတွေ ရပ်တည်မယ့် အခြေအနေ၊ လက်ရှိအစိုးရ သတင်း စာရဲ့ သတင်းစာအင်္ဂါရပ် စတာတွေကို ကြေးမုံ -မြန်မာ့အလင်း-ဟံသာဝတီ စတဲ့ သတင်းစာတွေ မှာ ခေတ်အဆက်ဆက်က လုပ်ကိုင်လာတဲ့ ဝါရင့် သတင်းစာဆရာ ဟန်ဂေရီ ဦးကိုကိုကြီး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2016-05-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လာမယ့် တစ်လ နှစ်လအတွင်း ၂၁ ရာစု ပင်လုံ ညီလာခံကို ဖြစ်မြောက်အောင်ဆောင်ရွက်ဖို့နဲ့ အဲဒီညီလာခံမှာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ အားလုံး ပါဝင်အောင် ကြိုးစားသွားမယ်ဆိုတဲ့အပေါ် နိုင်ငံ တကာကရင်အမျိုးသားအဖွဲ့အစည်း(International Karen Organization-IKO) က ကြိုဆိုလိုက်ပါတယ်။
2016-05-01
ဖားကန့်မြို့မှာ ရောက်ရှိနေတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးအုန်းဝင်းက သဘာဝ သယံဇာတပစ္စည်း များကို စနစ်တကျထုတ်ယူရေး၊ ရေရှည် တည်တံ့ရေးအပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မြို့မိ မြို့ဖများနဲ့ တွေ့ဆုံပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေ ဒီကနေ့ ချပြပါတယ်။
2016-05-01
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက် ခတ်ပြီး မိုးကြီးတာကြောင့် လူနေအိမ်ခြေ ၇ဝဝ ကျော် ပျက်စီးပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။
2016-05-01
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ရှိကြောင်း ပါတီရဲ့ ဗဟို အတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်း က ပြောပါတယ်။
2016-05-01
ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်ကြောင်း ပြည်သူတွေ က သတင်းပေးတိုင်ကြားလာရင် အစိုးရ ဌာနဆိုင်ရာတွေအနေနဲ့ စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားလိုက်ပါတယ်။
2016-05-01
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်း ချမ်းရေးဆွေးနွေးကြဖို့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ် ၉ မြို့နယ်နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြတောင်း ဆိုကြပါတယ်။
2016-05-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဋ္ဌာနချုပ်ရဲ့ ညွှန်ကြား ချက်နဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကနေ့ မေ လ ၁ ရက်နေ့ကစပြီး အကောင်အထည်ဖော်ဆောင်ရွက်နေ ပါတယ်။
2016-05-01
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကွန်ကော်ကျေး ရွာနဲ့ကောင်းနိမ့်ကျေးရွာကြားမှာ မိုင်းတစ်လုံးပေါက်ကွဲ တာကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
2016-05-01
အစိုးရသစ်အနေနဲ့ အလုပ် သမားပြဿနာတွေ ဖြေရှင်းရာမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပါရှိတဲ့ သဝဏ် လွှာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေ ကို ပေးပို့ခဲ့ပါတယ်။
2016-05-01
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပေမယ့် UWSP ခေါင်းဆောင်တွေဘက်က မဆုံးဖြတ် ရသေးဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေး က ပြောပါတယ်။
2016-05-01
ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်း ပြီး ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေရ တာတွေကို အစိုးရက အမြန်ဆုံးဖြေရှင်းဆောင် ရွက်ရေး နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးဖို့ နယူးယောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ရခိုင် တိုင်းရင်းသားတွေက ဧပြီ ၃ဝ ရက်နေ့က ဆန္ဒပြ ခဲ့ကြပါတယ်။
2016-05-01
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ဟာ ဖားကန့်မှာ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေတဲ့ အခြေအနေတွေကို ဒီကနေ့စတင်ပြီး ကွင်းဆင်းလေ့လာနေပါတယ်။