သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-17
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေက လုပ်သက်လစာတိုးပေးတဲ့ စနစ်ပြန်ထားဖို့ တောင်းဆိုနေကြပါတယ်။
2017-11-17
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် မိသားစုပိုင်ဆိုင်တဲ့ တော်ဝင်ဟင်္သာဟိုတယ်က ဝန်ထမ်းတွေ အနိမ့်ဆုံးအခကြေးငွေနဲ့ညီတဲ့ လုပ်ခလစာမရတာနဲ့ အချိန်ပိုကြေး အပြည့်မရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဦးစီးဌာနက ဒီကနေ့ ညှိနှိုင်းပြင်ဆင်ပေးလိုက်ပါတယ်။
2017-11-17
အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စတင်ကျင်းပနေပါတယ်။
2017-11-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်နေတဲ့အဖွဲ့ကို သွားရောက်ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အသက်အန္တရာယ် ခြိမ်းခြောက် ခံနေရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2017-11-17
ရခိုင်ပြည်နယ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးဟာ စိတ်ကူးယဉ်ဆန်တယ် လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင်အရေး စာတမ်းဖတ်ပွဲမှာ ပြောပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ရှေ့အနာဂတ်ကာလမှာ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေ ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
2017-11-17
ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။
2017-11-17
အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ပိတ်ထားရတဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက စာသင်ကျောင်း ၁၂၆ ကျောင်းသာ ပြန်ဖွင့်နိုင်ပြီး ၂၉၈ ကျောင်း ကတော့ ပြန်ဖွင့်ပေးဖို့ ကျန်သေးတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-17
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တစ်နှစ်အတွင်း အုတ်မြစ်ချနိုင်ရေးအတွက် ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ) တာဝန်ခံတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီကနေ့ ရှစ်လေးလုံးပြတိုက်(ယာယီ) မှာ ဆွေးနွေးခဲ့ကြပါတယ်။
2017-11-16
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်း ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂ EU နဲ့ အမေရိ ကန်ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူ အပြစ်ဒဏ်ခတ်ဖို့ ဆွေးနွေးပြောဆိုနေကြပါတယ်။
2017-11-16
အစိုးရဘတ်ဂျက်ကာလ အပြောင်းအလဲ အစိုးရရဲ့ ဘတ်ဂျက်ကာလ ကို လာမယ့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်နေ့ ကနေ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ စတင်ပြောင်းလဲ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
2017-11-16
IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
2017-11-16
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဝေါ်ရလောက်အောင် အချက်အလက်ပြည့်စုံရဲ့လားဆိုတာ ဆက်လက် သုံးသပ်လေ့လာဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်က မနေ့က ပြောကြားလိုက်ပါတယ်။
2017-11-16
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည်လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်ပါတယ်။
2017-11-16
နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမျာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။