သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-24
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ရန်ကုန် လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အလုပ်သမား- အလုပ်အကိုင်နဲ့ လူမူဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အပါအဝင်၊ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ဧပြီလ ၂၄ ရက် ဆွေးနွေးခဲ့ပါတယ်။
2015-04-24
အာရှနဲ့ အာဖရိကနိုင်ငံတွေမှာကြုံနေရတဲ့ အခက်အခဲတွေအတွက် ဘန်ဒေါင်းစိတ် ဓါတ်ဆက်လက် ခိုင်မြဲနေဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့ကပြောလိုက်ပါတယ်။
2015-04-24
မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်အတွက် ရုံးပိတ်ရက် ၁ဝ ရက် ကုန်ဆုံးသွားပြီမို့ ဌာနဆိုင်ရာ ရုံးတွေ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့မှာဆိုရင်လည်း နိုင်ငံခြားတိုင်းပြည် တွေမှာ အလုပ်သွားလုပ်ကြမယ့်သူတွေ များနေပါတယ်။
2015-04-24
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို လာမယ့် မေလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ မန္တလေးမြို့တော် နယ်နိမိတ်အတွင်း မြို့နယ် ၆ မြို့နယ် ရှိတဲ့ထဲက မြို့နယ် ၄ မြို့နယ် အတွက်သာ ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။
2015-04-24
အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ အာဆီယံလူငယ်ကိုယ် စားလှယ်တွေ တွေ့ဆုံပွဲ ကို မြန်မာကျောင်းသားကိုယ်စား လှယ်အဖြစ် တက်ရောက်မယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်က ကိုဘုန်းပြည့်ကြွယ် ခေါ် ကိုမော်စီ ကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချလိုက်တယ်လို့ သိရပါတယ်။
2015-04-24
မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက စင်္ကာပူအခြေစိုက် Sembcorp ကုမ္ပဏီကို မြန်မာနိုင်ငံမှာ ဓါတ်ငွေ့လောင် စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု ဆောက်လုပ်ပြီး ဓါတ်အားတွေကို ရောင်းချခွင့်ပေးလိုက်ကြောင်း မနေ့က ရတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
2015-04-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၂၇ ရက်နေ့ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ၇ ရက်ကြာ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။
2015-04-24
ပြီးခဲ့တဲ့နှစ် မေလလောက်က မကွေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့နဲ့ မီဒီယာဖိနှိပ်မှု ရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုရာ မှာ ဦးဆောင်ခဲ့တဲ့ မကွေးမြို့ခံ အလွတ်သတင်းထောက် ဦးတင်ရွှေကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ဒဏ်ငွေ ကျပ်နှစ်သောင်း ပေးဆောင်ဖို့ မကွေးမြို့နယ် တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-04-24
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမူနဲ့ ဝင်ငွေကွာဟချက်များတာတွေကြောင့် နိုင်ငံ ရပ်ခြားကိုထွက်ခွာသွားတဲ့ အလုပ် သမားတွေ ပြန်လာနိုင်ဖို့အတွက် ပြည်တွင်းမှာ အလုပ် အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ် လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြော ကြားလိုက်ပါတယ်။
2015-04-24
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦးဟာ ကျောင်းသားတွေရဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတာကြောင့် ပြင်ဦး လွင်ကနေ မုံရွာမြို့ကို ရာထူးချပြီး တာဝန်ပြောင်းရွှေ့ခံလိုက် ရကြောင်း ပြောပါတယ်။
2015-04-24
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြစ် နားကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး အလယ်တန်းပြကျောင်း ဆရာ ဦးရွှေစိန်ဝင်းကို ကျောက်တော်အခြေစိုက် စကခ ၉ လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခုက မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
2015-04-24
လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ကြောင်း မြင်း ခြံမြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၆ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်မှု၊ လူစုခွဲဖို့ကြေညာတာကို လက်မခံမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ တရားစွဲဆို လိုက်ပါတယ်။
2015-04-24
အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့တဲ့ “ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု- MDCF” အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို မန္တလေး တိုင်း အောင်မြေသာစံ မြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
2015-04-24
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံကြတဲ့ ပြည်သူတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-04-24
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသူကျောင်းသားတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာ ကျောင်းသားမိဘတွေနဲ့ ဆွေမျိုးသားချင်းတွေကို တွေ့ဆုံခွင့်ရခဲ့ပါတယ်။