သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-24
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာ ဆည်တည်ဆောက်ဖို့အတွက်၊ ဆည်ရေအသုံးပြုမယ့်ကျေးရွာတွေကနေ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီဒေသက မြေသိမ်းဆည်းခံ၊ ငွေတောင်းခံနေရတဲ့ လယ်သမားတွေက မကွေးမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-04-24
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-04-24
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ မြန်မာနိုင်ငံက လူ သန်းနဲ့ချီ အကျိုးကျေးဇူးရှိမယ်လို့ ကမ္ဘာ့ဘဏ်က မနေ့ က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-04-23
Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် ဟာ မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မှာ အရင်ကထက်ပိုပြီး အင်အားကောင်းလာနေပြီလို့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
2015-04-23
အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံ စာရင်းထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း ဥက္ကဌဟောင်း ဦးဝင်းအောင်ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စာရင်းထဲကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-04-23
နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ၄ ကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2015-04-23
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန် လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေ အိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ကမန်တိုင်းရင်း သားတွေအတွက် ရမ်းဗြဲမြို့နယ်မှာ နေရာပြန်လည် ချထားပေးဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုထားပါတယ်။
2015-04-23
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် တချို့မှာ အခုရက်ပိုင်းအတွင်း လေပြင်း တိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-04-23
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်နဝါရီလက ဖမ်းဆီးထားတဲ့ တရားမဝင်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားအယောက် ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-04-23
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုသိန်းအောင်မြင့်ကို အောင်မြေသာစံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
2015-04-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာ အနီးမှာ ဒီနေ့ မနက် ၁၀ နာရီက အစိုးရတပ်မတော် ယာဉ်တန်းကို ကေအိုင်အေဘက်က မိုင်းခွဲတိုက်ခိုက် တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2015-04-23
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လာမယ့် ဧပြီလ ၃ဝ ရက်နေ့မှာ သာယာဝတီ မြို့နယ်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-04-23
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို လာမယ့် မေလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ မြို့နယ် ၆ ခုထဲက ၄ ခုမှာ စည်ပင်ရွေးကောက်ပွဲကို ကျင်းပမှာပါ။
2015-04-23
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက မကွေးတိုင်း ၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လေပြင်းတိုက်ခိုက်ပြီး မိုးကြီးတာကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေပျက်စီးပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။
2015-04-23
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့တဲ့ ကမန်တိုင်းရင်းသားတွေ အတွက် ပြန်လည်နေရာချထားရေးကို ဆောင် ရွက်ပေးဖို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထား ပါတယ်။