သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-19
စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့ နယ် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်များ အဖွဲ့မှ ပြည်နယ် အစိုးရအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ ဇွန်လ (၁၉) ရက် နေ့စွဲနဲ့ တင်ပြ တောင်းဆိုလိုက်ကြပါတယ်။
2012-06-19
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့အတွက် လူကုန်ကူးမှု အခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
2012-06-19
မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘဝနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်ပါတယ်။
2012-06-19
မြန်မာနိုင်ငံအတွင်းက ပြောင်းလဲမှုတွေမှာ အကောင်းဘက်ပြောင်း လဲမှုတွေရှိပေမဲ့ စိန်ခေါ်ချက်တွေ အများကြီးကျန်နေသေးတာကို သိစေလိုတယ်လို့ Amnesty International အဖွဲ့ အရာရှိကြီး တစ်ဦးက ပြောကြားလိုက်ပါတယ်။
2012-06-19
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်လေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။
2012-06-19
ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။
2012-06-19
မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးမှာ အမျိုးသမီးတွေ ချည်း ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2012-06-19
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံကနေ သူ ၂၄ နှစ်ကြာ ခွဲခွာခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒီကနေ့ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
2012-06-18
နော်ဝေကနေ အိုင်ယာလန်နိုင်ငံကို မနေ့ ညနေပိုင်းက ရောက်ရှိ လာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်ပြည်သူတွေ ထောင်နဲ့ချီပြီး မြို့လယ်စင်မြင့်ကြီးမှာ တခမ်းတနား ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
2012-06-18
နော်ဝေနိုင်ငံကို (၃) ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အိုင်ယာလန်နိုင်ငံကို မထွက်ခွာ ခင် အော်စလိုမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးတဲ့အဆင့် မဖြစ်ပေါ်သေးဘူး လို့ ပြောကြား လိုက်ပါတယ်။
2012-06-18
ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေ အတွင်း သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲနဲ့ အလှူငွေ ကောက်ခံပွဲတစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။
2012-06-18
မြန်မာအစိုးရဟာ နောက်လဆန်းထဲမှာ နိုင်ငံရေး အကျဉ်းသား အများအပြား ထပ်ပြီးလွှတ်ပေးဖို့ စီစဉ်နေကြောင်း အစိုးရဝန်ကြီး တစ်ဦးက မနေ့က ပြောလိုက်ပါတယ်။
2012-06-18
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကို ရောက်ရှိလာပါတယ်။ နော်ဝေနိုင်ငံကနေ အိုင်ယာလန်ကိုလာရောက်ဖို့အတွက် ကမ္ဘာကျော် ယူတူး ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင် ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လာရောက်ကြိုဆိုခဲ့တာပါ။
2012-06-18
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းရွာသူ မသီတာထွေးကို လုယက် မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံ နှစ်ဦးကို ကျောက်ဖြူခရိုင် တရားရုံးက ဒီကနေ့ သေဒဏ်မိန့် ချမှတ်လိုက်ပါတယ်။
2012-06-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က မီးရှို့မှုများနဲ့ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာက စစ်တွေအကျဉ်းထောင်ကို မနေ့ညက ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။