သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-30
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ်ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
2015-10-30
ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2015-10-30
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိ ရပ်ကွက်မှာ မနေ့ က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေး ရာ ကြိုတင်မဲ ၂၃ မဲ ဟာ ဘောပင်နဲ့သာ အမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့ အတွက် ဘယ်လိုဆက်လက်ဆောင်ရွက် ရမယ်ဆို တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။
2015-10-30
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကိုယ်စား လှယ်လောင်း လေးဦးဟာ သံဖြူဇရပ်မြို့နယ်ကနေ ကျိုက္ခမီမြို့နယ်အထိ ကားတွေနဲ့စီတန်းလှည့်လည် ပြီး ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။
2015-10-30
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေပေးနိုင်ဖို့ မကွေးမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စပြီး မဲရုံတွေမှာ မဲပုံးတွေ ပြင်ဆင် ချထားပေးခဲ့ပါတယ်။
2015-10-30
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ရဲ့ဈာပန တုန်းက မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်းတရာကို ရန်ကုန်မြို့ နဝဒေးလမ်းမှာရှိတဲ့ Think Art gallery မှာ သုံးရက်ကြာ ပြသနေပါတယ်။
2015-10-30
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မလိခဦးလှချစ်နဲ့၊ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးမင်းအောင်တို့ဟာ တောင်ဥက္ကလာပ မြို့နယ်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-30
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ-လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးရင် လျှပ်စစ်မီတာပုံးတွေ ချထားပေးမယ်ဆိုပြီး ဒေသခံတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ခေါ်ယူပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2015-10-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမှာ လာမယ့်ရွေးကောက်ပွဲနေ့ မဲပေးတဲ့အခါ မဲဆန္ဒရှင်တွေ အမှားအယွင်း မရှိဖို့အတွက် လက်တွေ့ သရုပ်ပြခဲ့ကြပါတယ်။
2015-10-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အမှတ် (၉) ရပ်ကွက် အတွင်းမှာရှိတဲ့အမှတ် (၆၂၆)ထောက်ပံံ့နှင့် ပို့ဆောင်ရေး တပ်ရင်း အရှေ့ဘက်မှာ မနေ့ ည (၇) နာရီ လောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။
2015-10-29
လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီး သာကေတမြို့နယ်ကနေ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင် မယ့်၊ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းဟာ မနေ့ညပိုင်းက သာကေတ မြို့နယ်မှာ မဲဆွယ်စည်းရုံးနေချိန်မှာ အကြမ်းဖက်တိုက်ခိုက် ခံရတဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသခံယူနေရပါတယ်။
2015-10-29
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လှည့်လည်မဲဆွယ်ပွဲမှာ အစိုးရဌာနဆိုင်ရာကားတွေကို အသုံးပြုခဲ့တာကြောင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က မအူပင်ခရိုင် ရွေးကောက်ပွဲကော် မရှင်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
2015-10-29
လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ အစိုးရဌာနဆိုင်ရာ ပစ္စည်းတွေ အဆောင်အယောင်တွေ မသုံးဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။
2015-10-29
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် မဲလာမပေးနိုင်သူတွေဟာ ဒီနေ့ အောက်တိုဘာလ ၂၉ရက်နေ့မှာ ကြိုတင်မဲတွေ စပြီးပေးနေပြီဖြစ်ပါတယ်။
2015-10-29
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ ကို မြန်မာအစိုးရ အာဏာပိုင်အဖွဲ့တွေက လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှုတွေရှိခဲ့ တာကို ခိုင်မာတဲ့အထောက်အထားတွေတွေ့ရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရမှာတာဝန်ရှိပြီး၊ ကုလသမဂ္ဂအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ Fortify Rights အဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။