သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-30
ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအစည်းအဝေး ကို နိုင်ငံတော် သမ္မတအိမ်တော်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2017-06-30
နိုင်ငံရပ်ခြားကို ထွက်ခွာစီးပွားရှာကြတဲ့ အတွက် ကျေးလက်တွေမှာ လူငယ်တွေမရှိ သလောက်ရှားပါးသွားပေမယ့် အဲဒီသူတွေရဲ့ မိသားစုဘဝ အဆင်ပြေသွားတယ်ဆိုတာ ရှားပါးပါတယ်။
2017-06-30
သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ရာမှာ ကြုံလာနိုင်တဲ့ စိန်ခေါ်တွေနဲ့ အခက်အခဲတွေကို သတ္တိရှိရှိရင်ဆိုင်သွားမှာဖြစ်ပြီး ဒါဟာ အမျိုးဘာသာ သာသနာအကျိူးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြော ပါတယ်။
2017-06-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော် ငွေဆင်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရေမဆေးသမားတွေရဲ့ ရုန်းရင်းဆန် ခတ်ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ရေမဆေးသမား ၁၂၀၀ လောက်ကို လုံးခင်းရဲစခန်းမှာ ပုဒ်မ ၅ ခုနဲ့ အမှု ဖွင့်ထားပါတယ်။
2017-06-30
NLD ပါတီ အစိုးရသစ်တက်လာတဲ့ တနှစ်နဲ့ သုံးလအတွင်း ပြည်သူလူထုရဲ့ စား ဝတ်နေရေး၊ အလုပ်အကိုင်ဖန်တီးရေး သိသိသာသာတိုး တက်အောင်လုပ်မပေးနိုင်သေးကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို တင်ပြထားတယ်လို့ ပါတီဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ကပြောပါတယ်။
2017-06-30
သူနာပြုတွေနဲ့ သားဖွာဆရာမများရဲ့ ရာထူးနဲ့ လစားနှုန်းထားများကို တိုးမြှင့်ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိကြောင်း ကျန်မာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
2017-06-30
ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ပြီးခဲ့ တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး လူကြီးတရားခံ ၅၁၆ ဦးနဲ့ ကလေးတရားခံ ၅ ဦးကို တရားစွဲ ဆိုခဲ့ပြီး တရားခံပြေးကတော့ လူပေါင်း ၁၃ဝဝ ကျော်အထိ ရှိတယ်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရား သူကြီးချုပ် ဦးကျောက်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
2017-06-30
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေဖြစ်တဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ၇ ဦး နေရာကို အခြားတပ်မတော်သား ၇ ဦးနဲ့ အစား ထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
2017-06-30
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂၉ ရက်နေ့ မနေ့ကကျင်းပပြီးစီးသွားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံ ကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အားနည်းချက်တွေ ကို ထောက်ပြဝေဖန်လိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လျှင်မြန်စေဖို့အတွက် ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့ အစည်းအားလုံး တူညီခိုင်မာတဲ့မူတွေရရှိအောင် လာမယ့် သြဂုတ်လထဲမှာ ညီလာခံတစ်ရပ် ခေါ်ယူကျင်းပသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2017-06-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လူသတ်မှုကို ဒီကနေ့ အင်းစိန်မြို့နယ်က ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။
2017-06-30
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေ နပ်မှု မရှိကြောင်းနဲ့ အသစ်ပြန်ဖွဲ့ဖို့ ရည်ရွယ်ချက်ရှိကြောင်း အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်း က ပြောပါတယ်။
2017-06-30
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အမှုအတွက် အာမခံလျှောက်ထားတာကို ဗဟန်းမြို့နယ် တရားရုံးက ဒီကနေ့ ၅ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
2017-06-30
ဇွန်လ ၂ဝ ရက်နေ့က ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ တရား မဝင်အလုပ်သမားတွေကို ဖမ်းဆီးနေတာတွေကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီး တရားမဝင်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ တရားဝင်ဖြစ်အောင် လျှောက် ထားကြဖို့ အချိန်ပေးထားကြောင်း ထိုင်းအစိုးရက မနေ့ က ကြေညာလိုက်ပါတယ်။
2017-06-30
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က မြန်မာနိုင်ငံကို အချက်အလက်ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ အနေနဲ့ လက်မခံတာကြောင့် ပူးပေါင်းဆောင်ရွက် မှာ မဟုတ်ကြောင်းနဲ့၊ အဲဒီ အဖွဲ့ဝင်တွေကို လာရောက်ခွင့်မပြုဖို့ မြန်မာသံရုံးတွေကို ညွှန်ကြားပြီး တားဆီးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ပြောလိုက်ပါတယ်။
2017-06-30
ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၂၉ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။