သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-14
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွံ့ဖြိုးတိုးတက်မှုအနေအထားအလိုက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်တွေ ပေးဖို့အတွက် ဇုန် ၃ ဇုန် ခွဲခြားသတ်မှတ်ပြီး တင်ပြဖို့ ပြည်ထောင်စုအစိုးရက တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေထံ ညွန်ကြားထားပါတယ်။
2016-11-13
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင် ၆ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာတွေကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ သွားရောက်လေ့လာမှာဖြစ်ပါတယ်။
2016-11-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ လောက် ဖျက်ဆီးခံထားရတာကို ဂြိုဟ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေအရ တွေ့ရှိထားကြောင်းနဲ့ မြန်မာ အစိုးရအနေနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို ဖိတ်ခေါ်သင့်ကြောင်း အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။
2016-11-13
ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက် တဲ့ မောင်တောအကြမ်းဖက်ခံရမှု လေ့လာ စုံစမ်းရေးကော်မတီဟာ အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်နဲ့ မောင်တော မြို့နယ်တွေက ကျေးရွာတွေကို သွားရောက်လေ့ လာခဲ့ပြီး ပဏာမအစီရင်ခံစာကို ပြည်နယ် လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။
2016-11-13
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၁ သန်း အသုံးပြုပြီး ရန်ကုန်နဲ့ မန္တလေးတို့မှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦး ၄ ခု ဆောက်လုပ်သွားမှာဖြစ်ပါတယ်။
2016-11-11
မြန်မာအလုပ်သမားတွေဘက်က အယူခံတင်ထား တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုး ရရှေ့နေတွေဘက်က မြန်မာအလုပ်သမားတွေ အပြစ်ရှိကြောင်း လျှောက်လဲချက်ကို မနေ့ ကနောက်ဆုံးတင်သွင်းရမှာဖြစ်ပေမယ့် မတင်သွင်းခဲ့ဘူးလို့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး ကော်မတီက ပြောပါတယ်။
2016-11-11
မွန်တိုင်းရင်းသားပါတီတွေ ပေါင်းစည်းနိုင်ရေးနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီဗဟိုနဲ့ ချောင်းဆုံမြို့နယ်က ပါတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
2016-11-11
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာနားမှာရှိနေတဲ့ တကောင်းနီကယ် စက်ရုံနဲ့ ဂရိတ်ဝေါစက်ရုံတွေက သိမ်းယူထားတဲ့ မြေယာတွေ ပြန်ရဖို့နဲ့ စွန့်ပစ်တဲ့ရေဆိုးတွေကြောင့် ဒေသခံတွေ စိုက်ပျိုးမြေပျက်တာ၊ ကျန်းမာရေးထိခိုက်တာတွေ ရှိနေတဲ့အတွက် အဲ့ဒီစက်ရုံတွေကို ပိတ်သိမ်းဖို့ ဒေသခံ ၃၀၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-11-11
အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နယ်ထရန့်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း မနေ့က ရက်စွဲနဲ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
2016-11-09
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စံသမာဓိ ရပ်ကွက်က ဓမ္မာရုံမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ တွေ့ဆုံခဲ့ပါတယ်။
2016-11-09
ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့် အစရှိတဲ့မြို့နယ်တွေက ရဲအုပ်နဲ့ ဒုရဲအုပ်အဆင့်ရှိတဲ့ အရာရှိ ၇၇ ယောက်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2016-11-08
ရှမ်းပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ ၁၃ ခုနဲ့ အနာဂတ်မှာ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ရှမ်းပြည်နယ် တိုင်းရင်းသားပါတီများ အဖွဲ့ချုပ်ကို အခုလ လဆန်းပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
2016-11-08
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ သတင်းမီဒီယာကောင်စီအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့ MJA ၊MJU ၊MJN က တာဝန်ရှိသူတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2016-11-08
ပြည်တွင်းစပါးဈေး ကျဆင်းနေတဲ့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဆန်စပါးလုပ်ငန်းရှင်များအသင်း ပူးပေါင်း ပြီး ပြည်ပဝယ်လက်ရှာဖွေနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောပါတယ်။
2016-11-08
အရင်အစိုးရသက်တမ်းကုန်ခါနီးမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက အများပိုင် မြေဧက ၁၀၀၀ ကျော်ကို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်းပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ၂ လကြာ စစ်ဆေးခဲ့ပါတယ်။