သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-13
၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ကျင်းပပြီးစီးသွားတဲ့နောက် ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
2016-08-13
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေ ကို လျော်ကြေးပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ကွင်းဆင်းစိစစ်ရေးအဖွဲ့ဟာ ဒီနေ့ကစပြီး စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။
2016-08-13
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေ မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားတွေကို ပြန်လည်ခေါ်ယူဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်စရိတ် ထောက်ပံ့ပေး သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြော ပါတယ်။
2016-08-13
ကချင်ပြည်နယ်မှာ ၃ နှစ် အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောပါတယ်။
2016-08-13
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ် မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ် စက်ရုံဟာ စွန့်ပစ်အညစ်အကြေးတွေကို စနစ်တကျ စွန့်ထုတ်နေတာကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော် မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
2016-08-13
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဝက်သက်ရောဂါ အပါအဝင် ရောဂါ ၅ မျိုး ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ၆၅ ဦးသေဆုံးပြီး ၂ဝဝ ကျော်ကူးစက်ခံ ထားရတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီက ပြော ပါတယ်။
2016-08-13
ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရ သူတွေနဲ့ ထိုင်း- မြန်မာနယ်စပ်ကဒုက္ခ သည်တွေအတွက် ရေရှည်တည်တံ့ တဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်အားပေးမြှင့်တင်ဖို့တိုက်တွန်းထားတဲ့ “လူမသိသူမသိ ဘဝများ” လို့အမည်ပေးထား တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲကို ဘားမားလင့်ခ်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း (HURFOM) တို့က ပူးပေါင်းပြီး ရန်ကုန် မြို့Green Hill ဟိုတယ်မှာ သောကြာနေ့က ပြုလုပ်ခဲ့ ပါတယ်။
2016-08-12
မန္တလေးမှာဖွင့်လှစ်ထားတဲ့ ပန်ဒိုရာ အဆီချလုပ်ငန်းက အလုပ်သမားဟောင်း မဇာလီဝင်းကို ပိုင်ရှင်က တရားစွဲဆိုထားတဲ့ အမှုကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီနေ့ ရုပ်သိမ်း လိုက်ပါတယ်။
2016-08-12
၂ဝ၁၅ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံ လူငယ်အဖွဲ့က လူမှုရေးတတ်ကြွလှုပ်ရှားသူ စ ရှိုင်း ဆိုသူက ရရှိတယ်လို့ ဖန်း ဖောင်ဒေးရှင်း အဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
2016-08-12
အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း မှာ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သတ် ပြီး နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့က ဆောင် ရွက်ခဲ့တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-08-12
ကချင်ပြည်နယ်အတွင်း လမ်းပန်ဆက် သွယ်ရေး၊ စိုက်ပျိုးရေး စတဲ့လုပ်ငန်းတွေမှာ လာရောက် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ သား အယောက်နှစ်ရာကျော်ကို တစ်နှစ်ကြာနေထိုင်နိုင်တဲ့ အစိမ်းရောင်ကတ် Green Card ထုတ်ပေးထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးစန်းလွင် က ပြောပါတယ်။
2016-08-12
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘတ်ဂျက်ထဲကနေ ငွေ ကျပ် ၄၇၀ ဘီလီ ယံကျော်ကို လျှော့ချဖြတ်တောက်ဖို့ ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
2016-08-12
အစိုးရအနေနဲ့ နိုင်ငံတကာက ချေးငွေတွေ ယူတဲ့အခါမှာ တိုင်းပြည်အတွက် အမှန် တကယ် အကျိုးရှိမယ့်လုပ်ငန်းတွေ အတွက်သာဖြစ် သင့်ကြောင်း မင်္ဂလာဒုံမဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
2016-08-12
၂၁ ရာစု ပင်လုံညီလာခံဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် တံခါးစဖွင့်တဲ့ သဘောဖြစ်ပြီး အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ဒီကနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ပြောပါတယ်။
2016-08-12
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်ပြီး လုပ်သင့် မသင့် လေ့လာသုံးသပ်ဖို့ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဖွဲ့စည်း လိုက်ပါတယ်။