သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-07
ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကို ဒေသခံတွေက လက်မခံကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့လုံခြုံရေး အရ ပြည်သူ့စစ်တွေဖွဲ့စည်းရေး စတဲ့အချက်တွေကို အစိုးရထံ တောင်းဆိုဖို့ မနေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေမြို့ခံတွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြ ပါတယ်။
2017-08-07
ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ၁ ဦး ထပ်မံသေဆုံးသွားသလို ကူးစက်ခံရသူ ၈ ဦး ထပ်တိုးလာတယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။
2017-08-07
၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။
2017-08-07
လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိအောင် ပညာရှင်တွေနဲ့ စီမံကိန်းချပြီး အကောင် အထည်ဖော်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2017-08-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် ရခိုင်တိုင်းရင်းသား ကျေးရွာ ၄ ရွာက ကျေးရွာ သားတွေဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တချို့အခြေစိုက်တဲ့ စေတီပင်ကျေးရွာ မှာ ပြောင်းရွှေ့နေကြပါတယ်။
2017-08-06
ပြည်သူတွေကြားမှာ ကြက်သားစားရင် H5N1 ရောဂါဖြစ်မယ်ဆိုပြီးစိုးရိမ်မှုတွေ မရှိကြဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ဒီကနေ့ ကြက်သားစားပွဲတော်ကို ကျင်းပပါတယ်။
2017-08-06
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမား(၃) ဦးကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သီပေါအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံမယ် လို့ ပြောပါတယ်။
2017-08-06
၇၀ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွေကို မွန်ပြည်သစ်ပါတီက NMSP က စစ်ရေးပြ အခမ်းအနားတွေနဲ့ ကျင်းပဖို့ စီစဉ်ထားတာကို တပ်မတော် က သြဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ စာတစ်စောင် ပေးပို့ပြီး တားမြစ်လိုက်တယ်လို့ မွန်ခေါင်းဆောင်တဦးက ပြောပါတယ်။
2017-08-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ဆုံ အနီးက တန်ဖရဲရွာဟောင်းတဝိုက်မှာ တရားမဝင် ရွှေတူးနေကြတဲ့ ရွှေလုပ်သား ၆၈ ယောက်ကို တပ်မတော်စစ်ကြောင်းက သြဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ပြော ပါတယ်။
2017-08-06
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို RSO အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ Aqa Mul Mujahidin ( အကာလ်မူလ် မူဂျာဟစ်ဒင်န်) အဖွဲ့က လုပ်ဆောင်နေတာဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အငြိမ်းစား ရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။
2017-08-06
ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေကို ခန့်အပ်ရာမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပညာရေးတက္ကသိုလ်ကျောင်းသားတွေက ဒီကနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2017-08-05
တပ်မတော်က ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တရားမဝင်သစ်တန်ချိန် ၃ သောင်းကျော်နဲ့၊ ကျောက်စိမ်း တန်ချိန် ၃ဝဝ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး လှိုင်ဖြိုးဝေက ပြောပါတယ်။
2017-08-05
ရာသီတုပ်ကွေး H1N1 ကူးစက်ခံရတာကြောင့် ဒီနေ့မှာ ၁ ဦး ထပ်မံသေဆုံးသွားတဲ့အတွက် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိသွားပြီဖြစ်ပါတယ်။
2017-08-05
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်က ကြေးသွန်းဘုရားရှေ့က အစိုးရကို ဆန့်ကျင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သပိတ်စခန်းကို ယာယီပိတ်သိမ်းလိုက်ပါတယ်။
2017-08-05
မရေရာမသေချာတဲ့ အချက်အလက်တွေနဲ့ ကြွေးကြော်ပြီးတော့ နိုင်ငံတော်အစိုးရကို ဖြုတ်ပေးပါ ဆိုပြီး တောင်းဆိုနေတာဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာတဲ့အတွက် မန္တလေးမြို့က သပိတ်စခန်းကို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။