သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-12
ပဲခူးတိုင်း သဲကုန်းမြို့နယ်က မြေသိမ်းခံ လယ်သမားတွေကို ကူညီနေတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို သဲကုန်းမြို့နယ် ရဲတပ် ဖွဲ့က ဒီနေ့ဖမ်းဆီးရုံးတင်ပြီး ကျပ်ငွေ ၆ သိန်း အာမခံ နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
2014-08-12
ဧရာဝတီတိုင်းဒေသကြီး၊ ဟသာၤတနဲ့ ဇလွန်မြို့နယ်မှာရှိတဲ့ ဆည် ၁၀ ခုလောက် က လျှံကျလာတဲ့ရေတွေကြောင့် လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြှုပ်ပျက်စီးနေတဲ့အတွက် ဒေသခံ ၂၀၀ ကျော်လောက်က ဒီနေ့ ဟသာၤတမြို့ပေါ်မှာ ဆန္ဒပြ ခဲ့ကြပါတယ်။
2014-08-12
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ မနေ့က တွေ့ဆုံဆွေးနွေး အပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ နိုင်ငံရေး ပါတီအားလုံးရဲ့ သဘောတူညီချက်မယူဘဲ ထုတ်ပြန် ခဲ့တဲ့အတွက် မနေ့က ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီအများစုက လက်မခံဘူးလို့ သိရပါတယ်။
2014-08-12
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စပေါ်ကျေးရွာနားမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်ရင်း ၆ တပ်တွေအကြား ဒီလ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၀ရက်နေ့က တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2014-08-11
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ဒီမိုကရေအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့က ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချလိုက်ပါတယ်။
2014-08-11
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့ နယ်တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ တိုးမြှင့်ထုတ်ပြန် လိုက်ပါတယ်။
2014-08-11
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အကြာမှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့အတွက် နိုင် ငံရေးပါတီတွေက ပူးပေါင်းပါဝင်ကြဖို့ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
2014-08-11
ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေးအတွက် ပြည် သူတွေက လက်မှတ်ရေးထိုး တောင်းဆို မှုတွေဟာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်တဲ့အ တွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုရှိ မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။
2014-08-11
ထိုင်းမြန်မာနယ်စပ်အနီးက မိုင်းဆတ်ခရိုင် မယ်ကြုတ်ကျေးရွာအနီးမှာ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး၊ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဗေဒဆေးတွေ အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2014-08-11
မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၇ ခုမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာက ဒီနေ့ ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။
2014-08-11
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်း သားဟောင်းတွေရဲ့ ဘဝရှေ့ရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကိစ္စတွေမှာ အမေရိကန် အစိုးရက အကူအညီပေးသွားမယ်လို့ အမေရိကန်အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောကြား လိုက်ပါတယ်။
2014-08-10
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ် ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားတွေကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေချောင်းဖျား အပါအဝင် နေရာ ၅ နေရာမှာ မနေ့က ကျင်းပခဲ့ကြ ပါတယ်။
2014-08-10
အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ အမေရိကန် ဖက်က တောင်းဆိုချက်တွေကို မြန်မာဖက်က ဖြည့် ဆည်းပေးနေတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘဲ မြန်မာ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် မြန်မာ အစိုးရက ကြိုးပမ်းနေတဲ့ ဆက်ဆံရေးမျိုးသာဖြစ် တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
2014-08-10
အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါတီတွေပါဝင်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ နိုင်ငံရေးပါတီ ၆၀ ကျော် မနက်ဖြန် မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန MPC မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2014-08-10
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ ခရိုင် နွားထိုးကြီးမြို့နယ် သဲချက်ကျေး ရွာက ရွာသား ၆၀လောက်ဟာ ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးကောက်ခံထားတဲ့ ငွေကြေးစာရင်းနဲ့ ကုန်ကျစရိတ် စာရင်းကို ရှင်းပြပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။