သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-25
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေအရ ဖမ်းဆီးခံရတာများနေပြီး၊ အခက်အခဲတွေတွေ့နေလို့ အကူအညီတွေ လိုအပ်နေပါတယ်။
2020-05-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ဦးစိုးသူဝင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး လက်ရှိ အချိန်အထိ ဘာသတင်းမှ မရသေးပါဘူး။ ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် AA ဘက်ကတော့ ဖမ်းဆီးထားခြင်းရှိမရှိ သတင်းအတိအကျ မရသေးဘူးလို့ RFA ကို ပြောပါတယ်။
2020-05-25
အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ၊ ဂမ်ဘီယာက တရားစွဲထားတဲ့ကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့ အတွက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ရန်ပုံငွေ တောင်းခံတဲ့အပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်း ထုတ်လိုက်ပါတယ်။
2020-05-25
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကော်မရှင်ထံကို စာပေးပို့တိုင်ကြားပေမယ့် အရေးတယူ ဆောင်ရွက်တာမျိုးမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-05-24
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲအုပ်စု ကံသစ်ကျေးရွာ အနောက်ဘက် နှစ်မိုင်ဝန်းကျင် လောက်အကွာမှာ ဒီနေ့မွန်းလွဲပိုင်းက ဒေသခံနှစ်ဦး မိုင်းနင်းမိတဲ့အတွက် ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။
2020-05-24
ပြည်နယ်အသီးသီးက တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် လိုအပ်နေတာကြောင့် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် အလုပ်လျှောက်တဲ့ ဆရာဝန်ဦးရေ အလွန်နည်းပါးနေပါတယ်။
2020-05-24
အင်းလေးကန်ထိန်းသိမ်းရေးအတွက် သစ်မျိုးစေ့နဲ့ သစ်မျိုးစေ့မြေလုံးပေါင်း နှစ်သိန်းငါးသောင်းကျော်ကို ရေဝေရေလဲဒေသ တောင်ကတုံးနေရာတွေနဲ့ စိုက်ပျိုးသွားမယ်လို့ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ပြောပါတယ်။
2020-05-24
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တိုးလာတယ်လို့ မေလ ၂၃ ရက် စနေနေ့မနက်၇နာရီက ကျန်မာရေးနဲ့အားကစား ဝန်ကြီးဌာနကသတင်း ထုတ်ပြန်ထားတာကြောင့် စုစုပေါင်း ၂၀၁ ဦးဖြစ်သွားပါပြီး။ ဝန်ကြီးဌာနရဲ့ စနေနေ့ ည၈နာရီအချိန် ထုတ်ပြန်ချက်မှာတော့ စမ်းသပ်နမူနာ ၃၁၃ ခုကို ထပ်မံစစ်ဆေးခဲ့ပေမဲ့ ပိုးတွေ့လူနာမတွေ့ရဘူးလို့ဆိုပါတယ်။
2020-05-23
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အကြောင်းပြုပြီး ဆက်ဆံရေးကောင်းမွန်နေတာ တွေ့လာရပါတယ်။
2020-05-23
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူ တစ်လနီးပါးအတွင်း တစ်သောင်း ခုနစ်ထောင်လောက်ရှိခဲ့ပါတယ်။ အဲဒီအလုပ်သမားတွေ ဝမ်းရေးကြောင့် တရုတ်မှာ အလုပ်ပြန်သွားလုပ်ခွင့်ရဖို့ တောင်းဆိုတာတွေရှိလာပါတယ်။
2020-05-23
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့စက်တစ်လုံး မန္တလေးတိုင်း အစိုးရအဖွဲ့ကို တရုတ်နိုင်ငံက ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
2020-05-22
ကရင်ပြည်နယ် ဘားအံမြို့ ဖားစည်သံသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်(ခ) ဦးဇော်ရဲထက်ကို ဘားအံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မေလ ၂၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
2020-05-22
အေအေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး တပ်မတော်စစ်ရေယာဉ်ပေါ်မှာ ရိုက်နှက်စစ်ဆေးခံရတဲ့ ရခိုင်ပြည်နယ် က အရပ်သား ငါးဦးရဲ့ ကိစ္စကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ အမြန်ဆုံး စုံစမ်း စစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-05-22
ကပ်ဘေးအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေပြန်ဖွင့်နိုင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေ စီစဉ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။
2020-05-21
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းရွာက ဖမ်းဆီးခံ ထားရတဲ့ ရွာသား လေးဦးကို တပ်မတော်က ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေး လိုက်သလို မနေ့ညကလည်း ဒလက်အနောက်ရွာက ကျောင်းဆရာ ဦးထွန်းခင် အပါအဝင် လူလေးဦး ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။