သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-04
ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ရခိုင်ပြည်နယ်တွင်းက အခြား အကျဉ်းထောင်အသီးသီးကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့ ခွဲပြီး ပို့လိုက်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
2011-02-04
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံရဲ့ သမတ အဖြစ် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။
2011-02-04
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ရာဇဝတ် ကျုးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုကို ဘယ်လ်ဂျီယမ်နိုင်ငံက တရားဝင် ထောက်ခံထားတယ်လို့ Burma Action Belgium က ဖေဖော်ဝါရီ ၃ ရက် မနေ့က ပြောပါတယ်။
2011-02-04
ဒီတပတ် `လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် သဘောထားကို ဒီရက်ပိုင်းအတွင်း တရားဝင် ကြေညာပါမယ်။ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာတခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ ရှိသလို တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုပ်သိမ်းပေးစေချင်တဲ့သူတွေလည်း ရှိပါတယ်၊ ဒါတွေ မှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အဖြေတခု ရှာရမှာပါ” ဆိုတဲ့ အဖြေစကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်များ ကြားရပါမယ်။
2011-02-03
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။
2011-02-03
၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ တိုင်းရင်းသား မဟာမိတ် ၅ ပါတီက လွှွတ်တော်မှာ ဒုသမတရွေးချယ်တဲ့အခါ သူတို့ လိုလားတဲ့ တိုင်းရင်းသားတွေထဲက တဦးကို ဒုသမတအဖြစ် ရွေးချယ်ပေးသင့်တယ်လို့ ပြီးခဲ့တဲ့ လပိုင်းတုန်းက တောင်းဆိုခဲ့ပါတယ်။
2011-02-03
ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ စစ်အစိုးရ လွှတ်တော် တတိယနေ့မှာ ဒုတိယ သမတ ၃ ဦးကို ရွေးချယ်လိုက်ပါတယ်။
2011-02-03
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လျှော့ချဖို့ အချိန်စောနေသေးပြီး မြန်မာ အစိုးရသစ်အနေနဲ့ ပိုပြီး ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို လုပ်ဆောင်ဖို့လိုကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်က ဖေဖော်ဝါရီ ၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2011-02-03
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးလေး၊ ဖလူးကြီး နယ်မြေ တိုက်ပွဲတွေအတွင်းက မြန်မာ စစ်အစိုးရ တပ်ဖက်က အကျဉ်းသား ပေါ်တာတချို့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးနေကြရာမှာ နောက်ထပ် ပေါ်တာတဦး ဖေဖော်ဝါရီ ၂ ရက် မနေ့က ထွက်ပြေး လွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။
2011-02-03
ဆိုင်ကလုန်း ဂီရိဝင်ရောက်ခဲ့တာ ၃ လကြာ ရှိခဲ့ပေမဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံထားရတဲ့ ပြည်သူ ၁ သိန်းကျော်အတွက် လုံလောက်တဲ့ ရန်ပုံငွေမရလို့ အိုးမဲ့အိမ်မဲ့ဘဝတွေ ရောက်နေရတယ်လို့ အကူအညီ ပေးနေတဲ့ အရာရှိတွေက ပြောကြပါတယ်။ ဒါ့အပြင် လူအတော်များများအတွက် ဝင်ငွေရနိုင်မဲ့ အလုပ်အကိုင်တွေ မရှိသလို၊ သူတို့မှာ ကြွေးတွေ နစ်နေတယ်လို့ ဆိုပါတယ်။
2011-02-02
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ လူငယ်တဦးကို အရှေ့ပိုင်းခရိုင် တာမွေတရားရုံးကနေ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ အီလက်ထရွန်းနစ် ပုဒ်မ ၃၃ ခ နဲ့ အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
2011-02-02
နှစ်၅၀ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားနဲ့ မနောပွဲကို KIA အဖွဲ့ အရှေ့ပိုင်းတိုင်း မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပမှာဖြစ်တယ်လို့ KIO အဖွဲ့က ထုတ်ဖော် ကြေညာပါတယ်။
2011-02-02
ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့ဝင် သခင်သိန်းမောင်ရဲ့ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးနဲ့ စာပေလောက က ပုဂ္ဂိုလ်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2011-02-02
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံက အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုနဲ့ ပတ်သက်လို့ လွတ်မြောက်ရေးကို လိုလားသူအားလုံး အီဂျစ်ပြည်သူတွေဘက်က ရပ်တည်နေပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-02-01
မလေးရှားနိုင်ငံကိုသွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၃၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် Thairath အင်တာနက် သတင်းမှာ ဖော်ပြထားပါတယ်။