သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-15
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ် ကဒူးကြီးဒေသမှာရှိတဲ့ နားဟီးကျေးရွာက ဘုန်းကြီးကျောင်း ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ဝန်းကျင် အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခ သည်တွေကို ကူညီပေးနေတဲ့ ပအိုဝ်းဒေသ ကျန်းမာရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ PHWC ကနေ သိရပါ တယ်။
2017-05-15
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကနေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ညောင်ရွှေ မြို့နယ်ပြည် နယ်မဲဆန္ဒနယ်အမှတ်( ၁ )က ကိုယ်စားလှယ် ဦးခင်မောင် ဝင်း ကို ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစံရွှေ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက် စာပေးပို့လိုက်ပါတယ်။
2017-05-15
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်းမှာ အခုလအတွင်း လေပြင်း တိုက်ခိုက်မှုကြောင့် အိမ်အလုံးရေ ၇၀၀ ဝန်းကျင် ပျက်စီးဆုံးရံှုးခဲ့ပြီး ဒေသခံတွေအနေနဲ့ ပျက်စီးသွား တဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ ငွေကြေးလိုအပ် ချက်တွေ ရှိနေပါတယ်။
2017-05-14
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေး ဝန်းထဲမှာရှိတဲ့ ကေတီဗွီ၊ နိုက်ကလပ် စတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပိတ်သိမ်းခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးလုပ်ငန်းအချို့က အလုပ်သမား ၅ဝ လောက် ဒီကနေ့ တောင်ပိုင်းခရိုင်ဈေးများ ဌာနရုံးရှေ့နဲ့ မင်္ဂလာမွန်ဈေးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-05-14
မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှစ်ခုကို တစ်ပါတီတည်း အဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းနေတဲ့ နှစ်ပါတီပေါင်းစည်း ညှိနှိုင်းရေးအဖွဲ့ကနေ မွန်ပြည်သစ်ပါတီက နှုတ်ထွက်လိုက်ပါတယ်။
2017-05-14
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းက မြို့ပြစီမံကိန်း ဧရိယာမှာပါဝင်ပြီး လျော်ကြေးမပေးရသေး တဲ့ လယ်ယာမြေ ၄ ဧကမှာ ကုမ္ပဏီက မြေလာဖို့နေတာကို တားဆီးခဲ့တဲ့ လယ်သမား ၇ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုး ဖျက်ဆီးမှုတွေနဲ့ ကုမ္ပဏီက အမှုဖွင့်ပြီး ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
2017-05-14
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တွင်းဒေသဘက်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်နေထိုင်တာကို သတင်းပေးရင် ဆုငွေ ချီးမြှင့်မယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
2017-05-14
The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော် စာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သဘောသက်ရောက်ခဲ့ရင် စိတ်မကောင်းဘူးလို့ ဒီကနေ့ ထုတ် The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။
2017-05-14
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပ သမဂ္ဂ EU ရဲ့ လူသားချင်းစာနာမှု အကူ အညီနဲ့ အခက်အခဲ စီမံခန့်ခွဲမှုအရာရှိ Christos Stylianides ခရစ်တော့စ် စတိုင်းလီးယန်းနိုက်ဒ်စ် ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မောင်တောဒေသကို သွားရောက်ပြီး ဥရောပသမဂ္ဂအကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စီမံကိန်းတွေကို ကြည့်ရှုစစ်ဆေး မယ်လို့ သိရပါတယ်။
2017-05-13
လှိုင်မြို့နယ်က လက်ရှိ လွှတ်တော် အမတ်အချို့ဟာ အခွန်တိမ်းရှောင်မှုနဲ့ ဥပဒေချိုးဖောက်မှုတွေကို ပြုလုပ်နေတယ်လို့ လှိုင်မြို့နယ် မှာ နေထိုင်တဲ့ ဦးမင်းထက် ခေါ် ဇရာဝန် က ဒီကနေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးက City Star ဟိုတယ် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2017-05-13
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ဒုတိယအကြိမ် အစည်းအဝေး မတိုင် ခင် ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပေးဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာရေးတောင်းဆိုသွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာကျင်းပခဲ့တဲ့ အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။
2017-05-13
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် က ကျေးရွာ ၈ ခုမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အသီးသီးနေရာ ယူလိုက်တဲ့အတွက် တိုက်ပွဲဖြစ်မှာစိုးရိမ်တဲ့ ဒေသခံ ၃၀၀ နီးပါးဟာ နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြ ပါတယ်။
2017-05-13
ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်မတော်ကြား ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။
2017-05-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မနက်ဖြန် စတင်ကျင်းပမယ့် တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခု တည်းသော လမ်းကြောင်း နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး ဖိုရမ်ကို တက်ရောက်ဖို့ ဒီကနေ့ နေပြည်တော် ကနေ ထွက်ခွာသွားပါတယ်။
2017-05-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းကို ဆည်ဖို့ပြီး တည်ဆောက် ထားတဲ့ ရေကျော်တံတားတွေကို လာမယ့် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားရှင်းလင်းဖို့ ဖားကန့်ဒေသ အာဏာပိုင်တွေက ကျောက်စိမ်းတူးဖော်ရေး လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။