သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-17
တပ်မတော်ကပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲတာခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုငြိမ်းချမ်းစိုး(ခ)ချစ်ယုံတို့ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားတာကို အာမခံမပေးဘဲ ချုပ်မိန့်နဲ့ အင်းစိန် အကျဉ်းထောင်ကို ဒီနေ့ ပို့လိုက်ပြီဖြစ်ပါတယ်။
2019-05-17
ရက်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ဟာ ပြေလည်မှု ရရှိပြီးသွားပေမယ့် သိပိတ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ ရက် စီချမှတ်လိုက်ပါတယ်။
2019-05-17
အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုပုံစံပြောင်းဖို့ ဒီကနေ့ ဆွေးနွေးရာမှာ သဘောထားကွဲလွဲခဲ့ပြီး KNU က PPST ကနေ နုတ်ထွက်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
2019-05-17
ဝတ်ပြုခွင့်ပိတ်ခံထားရတဲ့ တောင်ဒဂုံမြို့နယ်က အစ္စလာမ်ဘာသာရေးဝတ်ပြုဆောင် သုံးခုကို မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးက ပြန်လည်ဝတ်ပြုခွင့်ပေးခဲ့ပြီး ရဲအင်အား၂၀ ကျော်နဲ့ လုံခြုံရေးပေးထားတယ်လို့ ၁၀၆ ရပ်ကွက်က ယာယီဘာသာရေးဝတ်ပြုဆောင် တာဝန်ခံ ဦးရန်အောင်က ပြောပါတယ်။
2019-05-17
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားရှိမှုကို ကရင်နီလူငယ် အင်အားစုက ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် လွိုင်ကော်မြို့အဝင်လမ်းဖြစ်တဲ့ ပြည်နယ်အစိုးရရုံးနဲ့ လွှတ်တော်ရုံးတဝိုက်မှာ မနေ့ညကစပြီး ရဲအင်အား ၅၀ ကျော် လုံခြုံရေးချထားပါတယ်။
2019-05-16
မြန်မာနဲ့ ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိတွေအကြား ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် EU က ပါဝင်ဆောင်ရွက်နိုင်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2019-05-16
တောင်ဒဂုံမြို့နယ်မှာ မိုက်ကယ်ကျော်မြင့်ဆိုသူ ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ လာရောက် ပိတ်ခိုင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင် သုံးခုစလုံးကို ရန်ကုန်တိုင်းရဲမှူးက ဒီကနေ့ညနေပိုင်းမှာ ပြန်ပြီး ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။
2019-05-16
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးအောင်မင်းက RFA ကို ပြောပါတယ်။
2019-05-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆောင်သုံးခုကို ပိတ်ပေးဖို့ အုပ်စုဖဲ့ွပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ပါဝင်ခဲ့သူတွေထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက ပြောပါတယ်။
2019-05-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မနေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ယာယီတဲအိမ် ၃၅၀ လောက်ရှိတဲ့အနက် ၃၅ လုံးလောက်ဟာ အားလုံးပျက်စီးသွားတယ်လို့သိရပါတယ်။
2019-05-16
ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်ကျည်ထိမှန်ခဲ့လို့ ရန်ကုန် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသရင်း မေလ ၁၄ ရက်နေ့က သေဆုံးသွားတဲ့ ကျောက်တန်းရွာသား ကိုအောင်လင်းကျော်ကို ဒီနေ့ ရသေ့တောင်မြို့မှာ သြင်္ဂိုဟ်မယ်လို့ သေဆုံးသူရဲ့ ညီဖြစ်သူ ကိုမင်းဇော်က RFA ကိုပြောပါတယ်။
2019-05-16
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို မနေ့က ကန့်ကွက်ဆန္ဒပြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက သတင်းထောက် တစ်ဦးအပါအဝင် ရွာသား ၁၄ ယောက်ကို ရဲတပ်ဖွဲ့က မြို့နယ်ရဲစခန်းမှာ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2019-05-15
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်၂၆ ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေကို ဥပုသ်လအတွင်း ဝတ်ပြုဖို့အတွက် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုထားတဲ့ နေရာတခုကို မနေ့ညပိုင်းမှာ အမျိုးသားရေးညီအစ်ကိုမောင်နှမများဆိုတဲ့ လူအုပ်စုတစုက လာရောက် တားမြစ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2019-05-15
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အများဆုံးအနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမယ်လို့ ကချင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။
2019-05-15
ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား တစ်ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမယ့် တွေ့ဆုံပွဲကို လာမယ့် မေလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ပြည်တွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။