သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-16
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ပြည်သူတွေ ဟာ ဥပဒေကို ချိုးဖောက်ပြီး အစိုးရဋ္ဌာန ရုံးတစ်ခုကို ပိတ်ဆို့နေကြတာဖြစ်တဲ့အတွက် တရားဥပဒေ အတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-12-16
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်နဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော် ပြန်လည်ရရှိရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် ကို လယ်သမား ၁၁ ဦးက ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရရုံး မှာ ဒီကနေ့ တွေ့ဆုံတင်ပြခဲ့ပါတယ်။
2014-12-16
ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းကြောင်း ဒီနေ့ကြေညာလိုက်ပါတယ်။
2014-12-15
လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက် သူ နော်လှလှစိုး၊ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို နဲ့ ဒေါက်တာအေးမင်းတို့ သုံးဦးက ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်း လင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင် ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ ဆက်ဆွေးနွေးသွားဖို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာပြုလုပ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှု ရရှိသွားပြီဖြစ် တယ်လို့ သိရပါတယ်။
2014-12-15
ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို တရားမဝင် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားတာကို မကျေနပ်တဲ့အတွက် MDCF အဖွဲ့ဝင်တွေက အောင်မြေသာစံ မြို့နယ်တရားရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-15
ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခု အကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ တည် ငြိမ်နေပြီဖြစ်တဲ့အတွက် အဲ့ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်း ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
2014-12-15
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီးနောက် သေဆုံးသွားတဲ့ အလွတ် သတင်းထောက် ကိုပါကြီးအမှုမှန် ပေါ်ပေါက်ရေးအတွက် အများပြည်သူ လက်မှတ်ထိုးတောင်းဆိုမှုတစ်ခု စတင်ဆောင် ရွက်နေပြီလို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြော ပါတယ်။
2014-12-15
ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေပြဿနာတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-12-15
နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့ အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းတွေ ရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်း စဉ်းစားကြဖို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-12-15
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က မိချောင်းကန်ပြည်သူတွေဟာ သပိတ် အရှိန်မြှင့်တဲ့အနေနဲ့ တတိယမြောက်နေ့ အဖြစ် မြို့တော်ခန်းမရှေ့မှာ မနေ့ကဆက်လက် ဆန္ဒပြနေပေမဲ့ သက်ဆိုင်ရာက လာရောက်ဆွေးနွေးတာ မရှိသေးပဲ ညပိုင်းမှာရဲအင်အားချထားလို့ ထိတ်လန့်နေကြ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
2014-12-14
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားများနေ့အခမ်းအနားကို ရန်ကုန် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။
2014-12-14
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်ဒဏ်လျှော့ပေါ့တာ မဟုတ်ပဲအပြီးသတ် တရားသေလွှတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကြိုးစားသွားမယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
2014-12-14
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့် ကွက်ကြောင်း ဒေသခံ ၄ဝဝ ကျော်လောက်က ဒီနေ့ ရေးမြို့ မှာ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခက်အခဲတွေကို ရင်ဆိုင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရ တာဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေအနေနဲ့ ရာထူးရရှိရေးကို အဓိကထားမက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။