သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-19
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ စက်မှုဇုန်မှာရှိတဲ့ ရတနာသိင်္ဂ ီ အအေးခန်း စက်ရုံမှာ မနေ့မနက်ပိုင်းက အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် အဲဒီစက်ရုံနားက အ.မ.က (၃၁) ကျောင်းက ကလေး ၂၄ ဦး မြောက်ဥက္ကလာပ မြို့နယ် ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။
2014-07-19
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တရားရုံးက စစ်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေ တဲ့ ကျေးရွာ ၄ ရွာက ရွာသား ၃၁ ယောက် ကို မနေ့ က ထောင်ဒဏ် ၃ လကနေ ၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။
2014-07-19
၆၇ နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။
2014-07-19
ရခိုင်ပြည်နယ်ကို မနေ့ကစတင်ရောက် ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့ မှာ မောင်တောမြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ မတ်လအတွင်း က မောင်တောမြို့နယ် ဆင်သေပြင်ကျေးရွာ မီးလောင်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အမျိုးသမီး ၄ ဦးနဲ့ မောင်တောမြို့နယ် ရဲစခန်း အချုပ်ခန်းထဲမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
2014-07-18
ယူနတီဂျာနယ်က သတင်းသမား ၅ ဦး ကို မြန်မာအစိုးရက ထောင်ဒဏ် ၁ဝ နှစ် စီချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ က သောကြာနေ့ မနေ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2014-07-18
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင် အထည်ဖော်နေပါတယ်လို့ ဦးပိုင်နဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီက အစိုးရသတင်းမီဒီယာတွေကနေပြော ဆိုနေတာ ဟာ လက်တွေ့ဆောင်ရွက်ချက်နဲ့ကွဲလွဲနေတဲ့ အကြောင်း ဒေသခံပြည်သူတွေက စာတမ်းတစ်စောင်ရေး သားပြီး စုံစမ်းရေးကော်မရှင်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ဆီ ဒီနေ့ပေးပို့ကြသလို၊ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ရန်ကုန်မြို့ သမိုင်း- မြို့မပရိယတ္တိစာသင်တိုက်မှာ ဒီနေ့ နေ့လည်ကပြုလုပ်ခဲ့ ကြပါတယ်။
2014-07-18
တိုင်းရင်းသားပါတီ နှစ်ဆယ်ကျော်နဲ့ဖွဲ့စည်း ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ပြည်သူ့လွှတ်တော်မှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေးအဆို အတည်ဖြစ် ခဲ့ရင်တောင် ပြည်နယ်တွေမှာမကျင့်သုံးဖို့ ကန့်ကွက်ဆန္ဒပြ သွားမယ်လို့ ဒီနေ့ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ် မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး သဘော ထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2014-07-18
မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍဟာ ခြိမ်းခြောက်ခံနေရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ပြောပါတယ်။
2014-07-18
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မှာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ကြံစိုက်ပျိုးဖို့အတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် တောင်သူ ၂၀၀ လောက်ကို တရားစွဲဆိုထားပြီး ၂၄ ဦးကို ထောင်ဒဏ် ချမှတ်ထားကြောင်း တရားစွဲခံထားရတဲ့ တောင်သူတွေက ဒီနေ့ မန္တလေးမြို့ အလုပ်သမား၊ လယ်သမားအရေးခန်းမက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-07-18
ရခိုင်ပြည်နယ် ပဋိပက္ခကို မဖြေရှင်းနိုင် ရင် မြန်မာနိုင် ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေနဲ့ ပြုပြင်ပြောင်း လဲရေးကို ထိခိုက်နိုင်ကြောင်း ကုလ သမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee က ဒီနေ့ ပြောခဲ့ပါတယ်။
2014-07-18
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန် မှာရှိတဲ့ Tiger Beer တိုက်ဂါးဘီယာစက်ရုံ က အလုပ်သမား ၁၀၀ ကျော်လောက်ဟာ တစ်နေ့လုပ်အားခ ကျပ် ၂၃၀၀ တိုးပေးဖို့ ၃ ရက်မြောက်နေ့ အဖြစ် စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေပါတယ်။
2014-07-18
မန္တလေးတိုင်း မတ္တရာမြို့နယ် တံငါရွာ မှာ မြေသိမ်းခံလယ်သမားတွေနဲ့ မြေသိမ်း ထားတဲ့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေအ ကြား မြေယာကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့နှစ်ဘက်ထိပ် တိုက် တွေ့ခဲ့ကြပါတယ်။
2014-07-18
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ငြိမ်းချမ်းတဲ့ နည်း လမ်းနဲ့ ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။
2014-07-18
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သံသယရှိသူ နောက်ထပ် ၈ ဦးကို ဖမ်းဆီးလိုက်တယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။ ပဋိပက္ခမှာပါဝင်မှုကြောင့် ဖမ်းဆီး ထားသူ စုစုပေါင်း ၄၂ ဦးရှိသွားပြီဖြစ်ပြီး၊ သူတို့ကို လူသတ်မှု၊ မီးရှိှု့မှု၊ လှုံ့ဆော်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2014-07-18
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အလုပ်လုပ်ကိုင်ဖို့ သွားရောက်ခဲ့ ကြတဲ့ မြန်မာ အပါအဝင် တောင်အာရှနိုင်ငံတွေက အိမ်ဖော်အလုပ်သမတွေကို သိက္ခာမဲ့တဲ့ပုံစံနဲ့ ရောင်း အားမြှင့်ကြော်ငြာနေတာတွေ အမြန်ဆုံးရပ်တန့်ကြဖို့၊ အိမ်ဖေါ်လုပ်ငန်းကုမ္ပဏီတွေကို စင်္ကာပူအစိုးရက မနေ့က သတိပေးလိုက်ပါတယ်။