သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-08
မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်စံပြကျေးရွာက အမှတ် (၆) မဲရုံ ကိုယ်စားလှယ် တစ်ဦးထံမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အမှတ်အသားပါ တံဆိပ်တုံးတစ်ခုနဲ့ အမှတ်အသား မပါတဲ့ တံဆိပ်တုံးတစ်ခု တွေ့ခဲ့တာကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2020-11-08
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်း ဒေသအသီးသီးက မဲရုံတွေမှာ ဆန္ဒမဲပေးသူတွေ များပြားခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့က ရွေးကောက်ပွဲနေ့ မြင်ကွင်းတွေကို RFA သတင်းထောက်တွေက မှတ်တမ်းတင် ရိုက်ကူးခဲ့ကြပါတယ်။
2020-11-07
အမျိုးဘာသာ၊ သာသနာကို အလေးထားတဲ့ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီ၊ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2020-11-07
နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှာ နိုင်ငံအနှံ့အပြားက မဲရုံအသီးသီးကို မဲပေးမယ့်သူတွေ ဝင်ရောက်သွားကြပြီး အများမျှော်လင့်နေကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို စတင်လိုက်ပြီဖြစ်ပါတယ်။
2020-11-07
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒေသခံ ကမန်တိုင်းရင်းသားတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီကိုယ်စားလှယ်လောင်းတွေက ခြိမ်းခြောက်မဲဆွယ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပေမယ့်လည်း ပါတီဘက်က ငြင်းဆိုပါတယ်။
2020-11-06
ပဲခူးတိုင်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ရုံးဝင်းအတွင်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကော်မရှင်ရုံးတွေမှာအခု လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။
2020-11-06
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေ ရှစ်သောင်းကျော်ရှိပါတယ်။ ဒီနှစ် ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေထဲမှာလည်းမသန်စွမ်း ကိုယ်စားလှယ်လောင်း သုံးဦးပါပါတယ်။
2020-11-06
ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက အရပ်သား ဒါဇင်နဲ့ချီပြီး တပ်မတော်က ဖမ်းပြီးစစ်နေပါတယ်။
2020-11-06
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ မနေ့က ပေးခဲ့တဲ့ ကြိုတင်မဲ လက်မှတ်တွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်လောင်း နေရာမှာ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိရတဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်နေပါတယ်။
2020-11-06
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ဝေဘာဂီဆေးရုံမှာ ဆေးကုသခံယူနေရာ ကျန်းမာရေးကောင်းမွန်တယ်လို့ သူနဲ့အတူရှိနေတဲ့ သရုပ်ဆောင်ထွန်းကိုကိုက ပြောပါတယ်။
2020-11-06
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဗုံးပေါက်ကွဲချိန်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ကပြောပါတယ်။
2020-11-06
ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ၊ ရွေးကောက်ပွဲအတွက် ပါတီအားလုံး မဲဆွယ်ရမယ့် နောက်ဆုံးရက် ဖြစ်တာကြောင့် နေပြည်တော်မှာ မဲဆွယ်ဆိုင်းဘုတ်နဲ့ ကြော်ငြာပိုစတာတွေ ဖြုတ်သိမ်းနေကြသလို၊ အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်သားမိသားစုဝင် တစ်ထောင်နီးပါး နေရာအသီးသီးမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။
2020-11-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ မွန်ပြည်နယ်က ဦးကိုကိုဦး၊ တနင်္သာရီတိုင်းက ဦးဗိုလ်ထွေးတို့ဟာ အပြောအဆို ကြမ်းတမ်းတယ်လို့ စွပ်စွဲခံထားရပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရပါတယ်။
2020-11-05
အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းစဉ်းစား မဲပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ် အသီးသီးက တိုင်းမှူးတွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံချိန်မှာ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2020-11-05
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အရာရှိတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံး နဲ့ တွဲလျက်ဖွင့်ထားတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တို့ကို အသွားအလာ ကန့်သတ်လိုက် ပါတယ်။