သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-19
ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလခရိုင်ထဲကနေ မလေးရှားနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစား တဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ ထိုင်းရဲက ဖမ်းဆီးမိခဲ့တယ် လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-19
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း (ခေါ်) လင်းလင်းနဲ့ ဓာတ်ပုံသတင်း ထောက် ကိုဇော်လင်းထွဋ်တို့ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကိုအသွား အဖမ်းခံလိုက်ရတယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုစိုးထက်ဦးက RFA ကို ပြောပါတယ်။
2021-12-19
ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည်တွေထဲက လူ ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းမှာ မနေ့ကဖော်ပြပါတယ်။
2021-12-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း ပြန်လာသူ ဆယ်ဂဏန်းလောက်ပဲ ရှိသေးတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို အခုလာမယ့် နှစ်ဆန်းမှာ ပြန်လည်လက်ခံ ခေါ်ယူနိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီ က ပြင်ဆင် နေပါတယ်။ ဒါဟာ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ပထမဆုံး စီစဉ်လာတာလည်း ဖြစ်ပါတယ်။
2021-12-19
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးနဲ့ မွေ့လည်ရွာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၉ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-19
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာအနီးနဲ့ မယ့်ထော်သလေးရွာ တို့မှာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းထားတဲ့ အဖွဲ့နဲ့ KNLA၊ KNDO နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အဲဒီဒေသမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
2021-12-19
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဗျူဟာတပ်စခန်း တစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက် မနေ့ညပိုင်းက ဝင်တိုက် ခဲ့ရာ ကွတ်ခိုင်မြို့အထွက် တိုးဂိတ်ထဲက ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-19
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နောင်လုံရွာမှာ ဒီဇင်ဘာ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက် နေအိမ် အလုံး ၂၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-18
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတပ်စွဲနေကြပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်မှာ နေအိမ်တွေ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-18
လေးကေ့ကော်အနီး စစ်ကောင်စီတပ် နေရာယူထားတဲ့ အမြှောက်ကုန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့တွေက ရင်ဆိုင်စောင့်ကြည့်နေကာ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်ပိုင်း က စစ်သားတစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-18
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာလ ၁၇ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် စီးနင်းထားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2021-12-18
ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်တဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေကို ဒီဇင်ဘာလထဲမှာ တွေ့လာရတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၁၇ ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-12-18
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီဇင်ဘာ ၁၇ ရက် မနေ့ညနေပိုင်းကစလို့ ချင်းတွင်း မြစ်ထဲက စစ်ရေယာဉ်အုပ်စုကနေ ကမ်းပေါ်ကရွာတွေဆီ လက်နက်ကြီးတွေနဲ့ပစ် ခတ်လို့ ရွာပေါင်းခုနစ်ရွာက ဒေသခံ ငါးထောင်ဝန်းကျင်ဟာ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-18
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က နယ်ခြားစောင့်တပ် BGF ရဲ့ ကြသောင်းစခန်းကို ဒီဇင်ဘာ ၁၇ ရက် မနေ့ညက ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
2021-12-17
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စွဲချက်အတွက် အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးမြို့ ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့အမှုမှာ ပထမဆုံး ကြားနာစစ်ဆေးမှုတွေကို ဒီဇင်ဘာလ ၁၆ရက်နေ့က စတင်ခဲ့ပါတယ်။ ဒီကြားနာစစ်ဆေးမှုမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်က တာဝန်ရှိသူ ခြောက်ဦးကို တရားခံအဖြစ် နာမည်စာရင်းတင်သွင်းခဲ့တယ်လို့ မြန်မာရိုဟင်ဂျာအသင်း (ယူကေ)က ဦးထွန်းခင်က ပြောပါတယ်။