သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-04
ရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာ အရပ်သားတွေ မထိခိုက်အောင်ဆောင်ရွက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မြန်မာ့တပ်မတော်ကိုရော ရခိုင့်တပ်တော် AA ကိုပါ ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-03-04
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားရင် စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အမတ်တွေက ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။
2020-03-04
အချိန်တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ အိုးအိမ်တွေ ပျက်စီးတာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး အကာအကွယ်မဲ့နေဆဲ ဖြစ်ပါတယ်။
2020-03-03
တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ဝေ့ဟိုင်မြို့က စက်ရုံတွေမှာအလုပ်လုပ်နေတဲ့ အိမ်ပြန်ချင်တဲ့ မြန်မာတွေကို စက်ရုံကပြန်ခွင့်မပေးလို့ အခက်အခဲဖြစ်နေပါတယ်။ အဲဒီစက်ရုံတွေမှာ မြန်မာနိုင်ငံသားနှစ်ထောင်ကျော်ရှိပြီး အောင်လံမြို့နယ်က အယောက် ၁၅၀ ကျော် ပါဝင်ပါတယ်။
2020-03-03
တိုင်းပြည်လုံခြုံရေးကိုကာကွယ်ဖို့ တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့ပုဒ်မကို ပယ်ဖျက်လိုက်ရင် ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ တပ်မတော်သားကိုယ်စားလှယ်တွေ က ပြောလိုက်ပါတယ်။
2020-03-03
ရခိုင်မှာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာတွေ ပိုများလာနေတာကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိလာနေပါတယ်။
2020-03-03
ကိုရိုနာ ဗိုင်းရပ်စ် သံယရှိတဲ့ အနီးကပ်စောင့်ကြည့်လူနာ ငါးယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဒီနေ့ မတ် ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2020-03-02
NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ လာမယ့်၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြမယ့် ကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2020-03-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ပြောရေးဆိုခွင့် မပေးတော့ဘဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပဲ ပါတီကိုယ်စားပြုဖြေဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2020-03-02
Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ပါဝင်တဲ့ Silver Spirit အပျော်စီးသင်္ဘောကို မြန်မာပိုင်နက်ထဲ ဝင်ခွင့်မပြုဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။
2020-03-02
တပ်မတော်နဲ့ AA တို့ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနီး တိုက်ပွဲအပြီးမှာ အရပ်သား ၁၁ ယောက် သေဆုံးပြီး၊ အယောက် ၂၀ ဝန်းကျင်လည်း ပျောက်ဆုံးနေပါတယ်။
2020-03-02
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
2020-03-02
အာဏာခွဲဝေမှုရှိတဲ့ ဖက်ဒရယ်စနစ်မျိုး အပါအဝင် ပြည်နယ်တွေမှာ အခြေခံဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲပိုင်ခွင့်နဲ့ အုပ်ချုပ်ခွင့် စနစ်တွေပါဝင်တဲ့ ဖက်ဒရယ်အခြေခံမူ ဘုံသဘောတူညီချက် စာတမ်းတစ်စောင်ကို တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်ခံသဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2020-03-01
ကိုရိုနာစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
2020-03-01
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်နဲ့ မိုင်းကိုင်မြို့နယ်က လွိုင်တောင်းတောင်ကြော တလျှောက်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေ သုံးရက်ကြာတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် မတ် ၁ ရက် ဒီနေ့မှာ နှစ်ဖက် ခေါင်းဆောင်တွေ ညှိနှိုင်းပြီးလို့ တိုက်ပွဲတွေ မရှိဘူးလို့ RCSS က ပြောလိုက်ပါတယ်။