သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-12
မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ် တန်းထားတဲ့ ရေနံပိုက်လိုင်းဟာ ရေနံစိမ်းတွေကို ရက်ပိုင်း အတွင်း စတင်ပို့လွှတ်ပါတော့မယ်။
2017-04-11
အိန္ဒိယနိုင်ငံတွင်းကို ရွှေမှောင်ခိုသွင်းရာ မှာ မြန်မာနိုင်ငံကနေ သွင်းတဲ့လမ်းကြောင်း က မှောင်ခိုသမားတွေကြား ရေပန်းအစားဆုံးဖြစ်နေတယ် လို့ သိရပါတယ်။
2017-04-11
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ငါးနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်း ချထားပေးခဲ့ရတဲ့ စခန်းသုံးခုကို အစိုးရက စတင် ပိတ်သိမ်းနေပြီလို့ သိရပါတယ်။
2017-04-11
ငြိမ်းချမ်းရေးရရှိဖို့ အချိန်ကြာလေ တိုင်းပြည် နစ်နာလေ ဖြစ်တဲ့အတွက် မငြိမ်းချမ်း မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာတွေ ပျောက်ဖို့ဆိုရင် မြန်မြန် ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျေးလက်တော ရွာနေ လူငယ် ၁၂ ဦးနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
2017-04-11
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လားရှိုးဆက်ဆံရေးရုံးကို လားရှိုး မြို့ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ရိုက်ချိုးဖျက် ဆီးပြီး ဝင်ရောက်ရှာဖွေခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ဖို့နဲ့ မတောင်းပန်ရင် တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ UWSA က ကြေညာချက်ထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က တစ်စုံတရာ တုန့်ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင် က ပြော ပါတယ်။
2017-04-11
မကွေးတိုင်းဒေသကြီးအတွင်း မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံတာကို တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်နဲ့ ဒီနေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။
2017-04-11
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် နဲ့ ကလောမြို့နယ်က ကျေးရွာ ၁၅ ရွာ မှာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် ရေလှူဒါန်းမယ့်အလှူရှင်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2017-04-11
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၂ မှာ အနိုင်ရရှိခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်ထားတာကို ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ဒီနေ့ အပြီးသတ်အမိန့်ချမှတ်ရာမှာ ဦးပြူးလွင်က အနိုင်ရရှိခဲ့ ပါတယ်။
2017-04-11
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ နောက် ၃ ရက်လောက်အထိ နေ့အပူချိန်တွေ မြင့်တက်နေဦးမှာဖြစ် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ပြောပါတယ်။
2017-04-10
အိန္ဒိယနိုင်ငံတွင်းကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ၊ ယာယီ စောင့်ရှောက်ထားဖို့ ERC ခေါ် ဥရောပ ရိုဟင် ဂျာကောင်စီ အမည်ရှိ အဖွဲ့က အိန္ဒိယ ဝန်ကြီးချုပ်ထံ အသနား ခံစာ ပေးပို့ခဲ့ပါတယ်။
2017-04-10
မြန်မာနိုင်ငံကနေ တရုတ်ပြည်ကို ရေနံပို့ လွှတ်မယ့်၊ မိုင် ၄၈၀ ရှည်တဲ့ ကျောက်ဖြူ ရေ နံပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံးစတင် ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း တရုတ် ဒုတိယနိုင် ငံခြားရေးဝန်ကြီး က ပြောပါတယ်။
2017-04-10
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတ ရှီကျင့်ပင်က ဒီကနေ့ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
2017-04-10
ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ရဲ့ ရှမ်းပြည်နယ် လားရှိုးမြို့က ဆက်ဆံရေး ရုံးကို ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ အိမ် တံခါးရိုက်ချိုးဖျက်ဆီးပြီး ရှာဖွေစစ်ဆေးတာကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဒီအပြုအမူအတွက် တောင်းပန်ဖို့ ဝ အထူးဒေသ (၂) က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ် လိုက်ပါတယ်။
2017-04-10
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သင့်တင့်မျှတဲ့ဈေးနှုန်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ အတွက် ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မယ် ဆိုရင် ထုတ်လုပ်စရိတ် သက်သာနိုင်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
2017-04-10
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း စွပ်စွဲခံထားရတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ပြစ်မှုမမြောက်ဘူး ဆိုတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ် ချက်တွေကို ကန့်ကွက်ကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။