သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-15
ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အားလုံး တစ်ပါတီတည်းအဖြစ် ပေါင်းနိုင် ဖို့ဆိုရင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တခြား လက်နက်ကိုင် ကရင်တိုင်းရင်းသားအဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးပါတီတွေအဖြစ် ရောက်လာမှသာ ဖြစ်လာနိုင်မယ်လို့ ဘားအံမြို့မှာ ကျင်းပနေတဲ့ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်များ စည်းဝေးပွဲ က ပြောပါတယ်။
2013-09-15
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း က ကော့သောင်းမြို့ အကျဉ်းထောင် မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် အကျဉ်းသားတွေက မကျေနပ် တာကြောင့် ဒီနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ကော့သောင်း မြို့ခံ တစ်ဦးကပြောပါတယ်။
2013-09-15
မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပသွား မယ်လို့ သိရပါတယ်။
2013-09-14
NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် Forum 2000 ညီလာခံတက်ရောက်ဖို့ Prague မြို့ကို မနေ့ညနေ ၅ နာရီက ရောက်ရှိသွားပြီဖြစ်ပါတယ်။
2013-09-14
ကော့သောင်းမြို့ က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေ ဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
2013-09-14
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခက်ခဲတယ်ဆိုတဲ့အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတချို့ သဘောတူညီကြကြောင်း ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။
2013-09-14
နိုင်ငံရေးပါတီတချို့က အဆိုပြုထားတဲ့ အချိုးကျရွေးကောက်ပွဲ ကိုယ်စားပြု ရွေး ချယ်မှုစနစ် PR ကို လာမယ့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကျင့်သုံးဖ့ိုဆိုရင် လွှတ်တော်ကနေ ၂၀၁၃ ခုနှစ် မကုန်ခင် တာဝန်ပေးမှသာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ PR စနစ်နဲ့ ကျင်းပပေးနိုင်မှာဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။
2013-09-14
လာမယ့်၂ဝ၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကရင်တိုင်းရင်းသား ကိုယ်စားပြုပါတီ ၄ ပါတီ ပူးပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပါတီတစ်ခု တည်းအဖြစ် ပူးပေါင်းသွားကြဖို့အတွက် ပထမဆုံး အကြိမ် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်စားဥယျာဉ်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။
2013-09-14
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ် နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။
2013-09-14
သမ္မတ ဦးသိန်းစိန်ဟာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ ကို နေပြည်တော် လယ်တောခန်းမမှာ ဒီနေ့ မနက်ပိုင်းက ပထမဆုံး လက်ခံတွေ့ဆုံ ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2013-09-13
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေ နဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားနေပေ မယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး မယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြော ကြားလိုက်တယ်လို့ အေပီသတင်းမှာ ပါရှိပါတယ်။
2013-09-13
အရှေ့ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံ ကနေ သောကြာနေ့မနေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ ကို ရောက်ရှိသွားပါပြီ။ ဘူဒါပက်စ်မြို့အရောက် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာ မှာ မြန်မာပြည်ရဲ့ လက်ရှိဖွဲ့စည်းပုံဥပဒေကို မပြင်ဆင် သရွေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူးလို့ သူက ပြောကြားလိုက်ပါတယ်။
2013-09-13
ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။
2013-09-13
ရှမ်းပြည်နယ်အတွင်း သဘာဝတွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ် လုပ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ရန်ကုန်မြို့အခြေစိုက် မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်သိပ္ပံ MDRI အဖွဲ့က ဦးဆောင်ပြီး တောင်ကြီးမြို့ ဆရာဝန်များအသင်း တိုက်မှာ မနေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
2013-09-13
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။