သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-06
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း (မဘသ)ကို မလိုအပ်ကြောင်း စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ် ပြောကြား ခဲ့လို့ဆိုပြီး ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်ကို ဒီနေ့ညနေပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လူပုဂ္ဂိုလ် ၁၀ ဦးခန့်က ဆန္ဒပြခဲ့ကြပါတယ်။
2016-07-06
ရခိုင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေ တာကြောင့် ရေဖုံးလွှမ်းမှုဒဏ်ကြုံနေ ရတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေ က ရေဘေး သင့်ပြည်သူတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ကစပြီး စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေပါတယ်။
2016-07-06
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ရဲ့ ညီလာခံအတွက် အကြိုဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ချင်းအမျိုးသား တပ်ဦးက ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောပါတယ်။
2016-07-06
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန်မြို့နယ်က မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေး ကို နိုင်ငံတော်ဘဏ္ဍာငွေနဲ့ အသစ်ဆောက် လုပ်ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် လူမူရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။
2016-07-06
ထိုင်းနိုုင်ငံ ချင်းမိုင်မြို့က Holiday Garden Hotel မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ စုစည်းပြီး ဖက်ဒရယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ဒီကနေ့ ကျင်းပနေပါတယ်။
2016-07-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဇွန်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်မပါပေ မယ့် ခြေထောက်နဲ့ စာရေးပြီး ဒီနှစ် ဆယ်တန်းစာမေးပွဲ ကို အောင်မြင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်က မနော်ဒါးခူ ကို ရွေးချယ်လိုက်ပါတယ်။
2016-07-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အချိန် ကာလကို ပြောလို့မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။
2016-07-05
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီ ဝတ်ပြုဆောင်တစ်ခုကို မီးရှို့ဖျက်ဆီးမှုနဲ့ လူ ၅ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2016-07-05
ရှမ်းပြည်နယ်အတွင်း ပြုလုပ်ဖို့ တင်ပြထားတဲ့ စီမံကိန်းကြီးများ အားလုံးကို ဆက်လက် လုပ်ကိုင်ခွင့်နဲ့ပတ်သက် ပြီး ပြည်နယ်အစိုးရရဲ့သဘောထား မှတ်ချက်ပေးဖို့ကိစ္စကို ဆိုင်းငံထားဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
2016-07-05
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာနေ တာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေ က ကျေးရွာအတော်များများ ရေနစ်မြုပ်ပြီး ဒေသခံတွေ ဘေးလွတ် ရာကို ပြောင်းရွှေ့နေကြပါတယ်။
2016-07-05
ရှမ်းပြည်နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာန က သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ဧက ၄ သောင်းကျော်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ဒေသခံတောင်သူတွေထံ ပြန်လည်ပေးအပ် ဖို့အတွက် စိစစ်နေပါတယ်။
2016-07-05
ဘာသာရေးအဆောက်အဦးတွေကို ဥပဒေ မဲ့ လူအုပ်နဲ့ ဖျက်ဆီးနေတဲ့လုပ်ရပ်တွေ ကို ဖေါ်ထုတ်အရေး အယူပေးဖို့နဲ့ နောက်နောင်ဒီဖြစ်ရပ်တွေ မပေါ်ပေါက်အောင် အစိုးရအနေနဲ့ တိတိကျကျကိုင် တွယ် ဖြေရှင်းပေးဖို့ အစိုးရမဟုတ်တဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း ၁၉ ဖွဲ့က ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက် တွန်းလိုက်ပါတယ်။
2016-07-05
ပဲခူးရိုးမမှာ သစ်ထုတ်လုပ်မှုတွေကို ဆယ်နှစ်ကြာ ရပ်ဆိုင်းပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
2016-07-05
မန္တလေးမြို့ ရွှေမန်းတောင်ဂေါက်ကွင်း လုပ်သားတွေက အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပေးဖို့ နဲ့ တရားဝင် အလုပ်သမားအဖြစ် ခန့်အပ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2016-07-05
ဒီနေ့ နေပြည်တော် The Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေး မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေကိုပါ ညီလာခံမှာ ပါဝင်နိုင်ရေးအတွက် စီစဉ်ဖို့ မူဝါဒချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။