သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-13
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက် ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
2013-09-13
လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လူကုန်ကူးခံရသူတွေကို ဗဟိုပြုစုံစမ်းဖော် ထုတ်ဖို့လိုသလို ဒေသအတွင်း နိုင်ငံတွေရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွေနဲ့ပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-13
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ရပ်တံ့ပပျောက်ရေးဟာ မိမိတစ်ဦးတည်း စွမ်းဆောင်ရွက်နိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကပဲ အဖြေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2013-09-12
မြန်မာနိုင်ငံက ပြည်ပမှာ ဒေါ်လာ ၁၁ ဘီလီယံငွေစာရင်းဖွင့်ထားတယ်လို့ ပြည်တွင်းထုတ် Weekly Eleven စာစောင်မှာ ပါရှိပါတယ်။
2013-09-12
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လိုက်နာစောင့် ထိန်းရမယ့် နိုင်ငံတကာ စံနှုန်းကျင့်ဝတ် ဆိုင်ရာ သင်တန်းတစ်ရပ်ကို ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က လေးရက်ကြာ သင်တန်းပို့ချနေပါတယ်။
2013-09-12
ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့ အပေါ် အားကျခဲ့ရကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန် ဒီမိုကရေစီခေါင်းဆောင် Lech Walesa (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။
2013-09-12
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလ အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ကို ငွေကျပ်သိန်း ၈ဝဝ ကျော် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
2013-09-12
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်ဖို့ဆိုပြီး စက်လှေနဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာလူမျိုး ၂၁၉ ယောက်ကို စက်တင်ဘာ ၁၁ ရက်နေ့ မနေ့က မနက် ၁၁ နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စတွန်းခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
2013-09-12
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း၊ ငပုတောမြို့နယ်အပါအဝင် မြို့နယ် ၇ ခုလောက်က ထောင်ဂဏန်းနီးပါးလောက်ရှိတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ကနေ မြို့နယ်တရားရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-09-12
မြန်မာနိုင်ငံအထက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဒုဌဝတီမြစ်ရေကြီးပြီး မြစ် ကမ်းဘေးနားတစ်လျှောက် ကျေးရွာတချို့ မနေ့ညကနေ စပြီး ပြောင်းရွှေ့နေရပါတယ်။
2013-09-12
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှာ ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေဆိုခွင့်မရခဲ့တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတရုံးအပါအဝင် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို တိုင်ကြားစာပေးပို့လိုက်ပါတယ်။
2013-09-12
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ငွေစက္ကူတွေ ပြန်လည် ပုံနှိပ်ထုတ်ဝေရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အစည်းအဝေးမှာ ဒီနေ့ဆွေးနွေး ခဲ့ရာမှာ အစည်းအဝေးတက်ရောက်သူ ၁၂၃ ဦး အနက် ၂ ဦးပဲ ထောက်ခံတဲ့အတွက် ဆွေးနွေး ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
2013-09-12
ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။
2013-09-12
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း စတင်ရေး နဲ့ပတ်သက်ပြီး မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့ ဒီလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေးကြမယ်လို သိရပါတယ်။
2013-09-11
လာမယ့် သီတင်းပတ်ထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေး ပွဲတွေ အောင်မြင်မယ်ဆိုရင် လာမယ့် အောက်တိုဘာလဆန်းပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။