သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-14
မကွေးတိုင်း နတ်မောက်မြို့က မြို့မဈေးကြီး မီးလောင်မှုကြောင့် ဈေးအတွင်းက ဆိုင်ခန်းပေါင်း ၂၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ နတ်မောက်မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-11-14
စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတဲ့ ထားဝယ်တက္ကသိုလ် ကျောင်းသူ မဆုမြတ်မွန်ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာ ပြန်လည်လွတ် မြောက်လာပြီလို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2021-11-14
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာအနီးက တောထဲမှာ နိုဝင်ဘာ ၁၃ ရက် မနေ့က စစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သွားပြီးနောက် အသက် ၆၅ နှစ်အရွယ် မရမ်းအင်းရွာသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-14
KIA ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်ချက်တွေကို နိုဝင်ဘာ ၁၃ ရက် မနေ့က ဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။
2021-11-14
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဒေးဒနောရွာက ဒေသခံတွေကို နိုဝင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ လာရှာရင်း မတွေ့ခဲ့လို့ နေအိမ်နှစ်လုံးကို မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-13
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်း နိုဝင်ဘာလ ၁၂ ရက် မနေ့ညပိုင်းက မီးလောင် ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-11-13
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ အချိန်ကိုးလကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပေမယ့် ကျောင်းသား လူငယ်တွေကတော့ စစ်ကောင်စီရဲ့ လုပ်ငန်းတွေ မလည် ပတ်နိုင်အောင် သပိတ်မှောက် လှုပ်ရှားမှုတွေကို အရှိန်ကောင်းကောင်းနဲ့ ဆက်လုပ်နေကြဆဲဖြစ်ပါတယ်။
2021-11-13
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရုံးကို နို ဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသ ခံတွေက RFA ကို ပြောပါတယ်။
2021-11-13
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ထုံးဘိုရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကိုကျော်ဆန်းဦး ဆိုသူဟာ ဒုတိယအကြိမ်မြောက် စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးမှာ အစစ် ခံရင်းကနေ တစ်ရက်အတွင်းမှာပဲ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ် တဲ့သူတွေက RFA ကို ပြောပါတယ်။
2021-11-13
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ စစ်တပ်ရဲ့ ကင်းလှည့်တဲ့ ကားအသေး နှစ်စီးကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2021-11-13
တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ် ပထမနှစ်ကျောင်းသူ မဆုမြတ်မွန်ကို နိုဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက ထားဝယ်မြို့ပေါ်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2021-11-12
စစ်ကောင်စီက စီစဉ်ညွှန်ကြားတဲ့ တရားရုံးကနေ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတာကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာဟာ တရားမျှတမှုမရှိဘဲ သတင်းသမားတွေကို ပစ်မှတ်ထားတဲ့ ဖိနှိပ်မှုဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ သတင်းသမားတွေက ပြောကြားခဲ့ကြပါတယ်။
2021-11-12
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားချိန်က အိမ်နီးချင်းနိုင်ငံတွေက လာပြီး အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေကိုလာရောက်တာကို ပိတ်ပင်ထားတာကနေ အခုရောဂါဖြစ်ပွားမှုတွေ လျော့ကျလာချိန်မှာ အလုပ်သမားတွေကိုပြန်လည်ခေါ်ယူဖို့ နိုဝင်ဘာလ ၁၂ရက်နေ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအစီအစဉ်အရ မြန်မာရွှေ့ပြောင်းလုပ်သား ၂သိန်းနီးပါး အလုပ်ရဖို့ ရှိနေပါတယ်။
2021-11-12
အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster ကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အပြစ်မရှိသူတစ်ဦးအပေါ် မတရားတဲ့ စီရင်ဆုံးဖြတ်ချက် ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က ပြောပါတယ်။
2021-11-12
ဧရာဝတီတိုင်း မအူပင်မြို့မှာ ပစ္စည်းပျောက် မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့က ရိုက်နှက် စစ်ဆေးတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နိုဝင်ဘာလ ၁၁ ရက်နေ့က သေဆုံးသွားပါတယ်။