သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-16
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေရှိနေတဲ့ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း စတဲ့ မြို့နယ် ခုနစ်ခုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မကောင်းကြောင်းနဲ့ ပြည်သူတွေ တပ်မတော်နဲ့ ပူးပေါင်းဖိုဆိုပြီး ဝါဒဖြန့်ရေးသားထားတဲ့စာရွက်တွေကို ဒီဇင်ဘာလ ၁၅ ရက် မနေ့က စစ်ရဟတ်ယာဉ်ပေါ်ကနေ ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-16
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာလမ်းခွဲအနီးမှာရှိတဲ့ မဟာကုသလကာရီ နာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူး အသက် ၅၅ နှစ်အရွယ် ဦးသန်းမြင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်နေ့မှာ သေဆုံးသွားတဲ့အကြောင်း မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-16
NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့ အမှုနှစ်ခုထဲက လူဝင်မှုကြီးကြပ်ရေး ဥပဒေအမှုနဲ့ ပတ်သက်လို့ တရားလိုပြသက်သေတစ်ဦးကို ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-16
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသဘက် မှာ စစ်ကောင်စီတပ်နဲ့ KNDF၊ KA တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-16
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ခွာစဉ် ရခိုင်ပြည်နယ်က ပင်လယ်ပြင်ထဲမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် တစ်ရာကျော်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေ က RFA ကို ပြောပါတယ်။
2021-12-16
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ရေဦး-ရွှေဘိုကားလမ်းမပေါ်မှာရှိတဲ့ ရွှေပြည့်အိမ်ဘီယာဆိုင် နားမှာ ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီလောက်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၁၇ အရွယ် မောင်ထွန်းလွင်ဦးဆိုတဲ့ လူငယ်တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။
2021-12-16
ကမ္ဘာတစ်ဝန်း သတင်းမီဒီယာသမား ၄၈၈ ယောက် လောလောဆယ် ထောင်သွင်း အကျဉ်းကျနေပြီး ၄၆ ယောက် သေဆုံးရတယ်လို့ RSF နယ်စည်းမခြား သတင်း သမားများက ဒီနေ့ ကြေညာလိုက်ပါတယ်။
2021-12-16
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ တိုင်းအစိုးရဝန်ကြီး သုံးဦးနဲ့ ပါတီအတွင်းရေးမှူးတို့ရဲ့ အမှုတွေကို မန္တလေးခရိုင်တရားရုံးမှာ အယူခံဆက်တက်ဖို့ ပြင်ဆင်နေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
2021-12-16
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးရဲ့ မန္တလေး မဟာအောင်မြေမြို့နယ် နေအိမ်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက် မနေ့က လာရောက်ပြီး ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-16
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် တည်ထားတဲ့ လေးကေ့ကော်မြို့သစ် မယ့်ထော်သလေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA-PDF ပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
2021-12-15
ထိုင်း- မြန်မာနယ်စပ်က အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒုက္ခသည်တွေ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက် စခန်းတွင်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်
2021-12-15
ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အမှုကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ တရားလိုပြ သက်သေတွေကို ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ စစ်ဆေးခဲ့တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-15
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မနက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2021-12-15
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ချင်းဒေသ ခုခံကာကွယ်ရေးတပ် CDF တို့ရဲ့ တိုက်ပွဲ တွေကြောင့် မေလကနေ ဒီဇင်ဘာလအထိ ရှစ်လအတွင်း ချင်းပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNOCHA က ထုတ်ပြန်ပါတယ်။
2021-12-15
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn ကိုခန့်အပ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က ဒီနေ့ ပြောလိုက်ပါတယ်။ ဖနွမ်းပင်မြို့တော်က ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်းအနားမှာ ကြေညာလိုက်တာပါ။