သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-13
မော်လူးမြို့မှာ အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့ တိုက်နယ်ရဲစခန်းတစ်ခုသာရှိပြီး ဒီနေ့မနက် ၇ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့သလို မြို့တစ်ခုလုံးကိုပါ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
2023-12-13
မြန်မာနိုင်ငံကိုလာရောက်မယ့် ရုရှားခရီးသွားတွေအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ဗီဇာကင်းလွတ်ခွင့် ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ကြေညာထားပါတယ်။
2023-12-13
နယ်စပ်တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် (၂၂၆၀) ရှိပါတယ်။
2023-12-13
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အစပ် စစ်တောင်းမြစ်ဘေးက ရွာတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2023-12-12
ပြည်သူတွေလိုလားတဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
2023-12-12
အရှေ့အာရှဒေသမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က စီးပွားရေးအခြေအနေကို ပြန်မရောက်တာ မြန်မာတစ်နိုင်ငံပဲရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2023-12-12
ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာလေးရွာက ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-12-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဆက်လက် ပြင်းထန်နေတာကြောင့် မြို့ပေါ်ရပ်ကွက်သုံးခုက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေက ပြောပါတယ်။
2023-12-12
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့လယ် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် NUG ရဲ့ မြို့နယ်တရားရေးတာဝန်ခံနဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
2023-12-12
တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ရေဖြူရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်လာတာကြောင့် ရေဖြူ၊ ထုံခနဲ့ ချောင်းနှစ်ပေါက်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
2023-12-12
တိုက်ပွဲပြင်းထန်နေတဲ့ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ မိဘမဲ့ဂေဟာတစ်ခုမှာပိတ်မိနေတဲ့ ကလေး ၃၆ ဦးနဲ့ ဆရာ လေးဦးကို ဒီဇင်ဘာ ၁၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-12-12
ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ရဲ ရှစ်ဦး စုစုပေါင်း ဆယ်ဦးဟာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ပလက်ဝအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာပါတယ်။
2023-12-11
အင်ဒိုနီးရှားနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေ များလာတာဟာ လူကုန်ကူးမှုတွေ မြင့်တက်လာတာကြောင့်လို့ အင်ဒိုနီးရှားအစိုးရက သံသယရှိနေတယ်လို့လည်း ဆိုပါတယ်။
2023-12-11
ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခိုင်အမာခြေကုပ်ယူထားတဲ့ စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
2023-12-11
စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့အပါအဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက် က ထုတ်ပြန်ပါတယ်။