သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-06
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ် ဒါးကကျေးရွာမှာ ဧရာရွှေဝါကုမ္ပဏီ က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော် ပြန်ပေး ဖို့ ဒီနေ့ ပုသိမ်မြို့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
2014-06-06
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာက ရွာဦးကျောင်းမှာ ခိုလှုံနေတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ သူတို့ရင်ဆိုင်နေရ တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို ချီတက်လာစဉ် စဉ့်ကိုင်မြို့အထွက်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့အတွက် အဲ့ဒီနေရာ မှာပဲ ယာယီသပိတ်စခန်း ဖွင့်လှစ်ခဲ့ကြပါတယ်။
2014-06-06
ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ကွတ်ခိုင် မြို့နယ်အတွင်း ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တို့ရဲ့ ရင်ဆိုင် တိုက်ပွဲမှာ အစိုးရဘက်က တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ကျဆုံးကြောင်း တအာင်း လွတ်မြောက်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
2014-06-06
၁၉၇၄ ၊ ၇၅ နဲ့ ၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့ တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမား အရေးအခင်းမှာ ပါဝင်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမမှာ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပါ တယ်။
2014-06-06
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဗုံးခွဲ လုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေ အတွက် အောက်မေ့သတိရဖွယ် ကျောက်တိုင်ဖွင့်ပွဲ အခမ်း အနားကို ဒီနေ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung Se တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
2014-06-06
အစိုးရ နဲ့ တိုင်းရင်းသား အလက်နက်ကိုင် ဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေ ပြီ ဖြစ်တာကြောင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် သူတွေလို့ ယူဆရသူတွေကို ဖမ်းဆီးထောင်ချလေ့ ရှိတဲ့ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ပေးဖို့ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/ SSA အဖွဲ့ ကိုယ်စား လှယ်တွေက တောင်းဆိုလိုက်ပါတယ်။
2014-06-06
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့စီမံ ခန့်ခွဲမှု ပြုပြင်ပြောင်း လဲရေးမှာ ပိုမိုပံ့ပိုး ကူညီမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယုန်ဗြောင်ဆီ ကမနေ့ကပြော လိုက်ပါတယ်။
2014-06-06
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က သေ ဆုံးသွားတဲ့ တပ်သားဆီက သိမ်းဆည်း ထားတဲ့လက်နက်တွေကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က မနေ့က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
2014-06-06
၁၉၇၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ အလုပ်သမားသပိတ် အပါအဝင် ဦးသန့်အရေးအခင်း၊ ကျောင်းသားသပိတ်နဲ့ မှိုင်းရာပြည့် အရေးအခင်းတွေအတွက် နှစ် ၄၀ မြောက် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင် မှာ ဒီနေ့မနက် ၉ နာရီခွဲမှာ စတင်ပြုလုပ်မယ်လို့ သိရပါ တယ်။
2014-06-06
မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အစက်အပြောက် နဲ့ရေနဂါး၊ ချော့ကလက်ရောင်ဖါးနဲ့ဂျင်း အပင်တစ်မျိုးအပါအဝင် အပင်နဲ့ဇီဝမျိုးကွဲ သစ် ၂၀ ကျော်တွေ့ရှိရတယ်လို့ WWF ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကပြောလိုက်ပါတယ်။
2014-06-05
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းရွာရဲ့NLD ဒုဥက္ကဌ ဦးစံထွန်းကို အမည်မသိ လက်နက်ကိုင်တချို့က ဇွန်လ ၄ ရက်နေ က နေအိမ်မှာလာရောက်ခေါ်ဆောင် သွားပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
2014-06-05
စီးပွားရေးပိတ်ဆို့မှှု ချမှတ်ထားတဲ့ မြန်မာ ၊အီရန်နဲ့ ဆူဒန် နိုင်ငံတွေကို လေယာဉ်ပျံ အစိတ်အပိုင်းတွေ စက်ပစ္စည်းတွေ နဲ့ တခြားဝန်ဆောင် မှှုတွေ ရောင်းချပေး ပို့ခဲ့တဲ့အတွက် နယ်သာလန်နိုင်ငံအခြေ စိုက် ဖေါ်ကာလေကြောင်း ပစ္စည်းကုမ္ပဏီက အမေရိ ကန်ပြည်ထောင်စုကို ဒေါ်လာ ၂၁ သန်းလျှော်ကြေးပေးပို့ သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
2014-06-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက် ရပ်ကွက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း က ဒုက္ခသည်သုံးဦးကို ဖောက်ခွဲ မှုတွေနဲ့ မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီနေ့အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်တွေဟာ တရားမျှတမှု မရှိကြောင်း ဒုက္ခသည် ၃ ဦးရဲ့ ရှေ့နေ ဦးဂျီမာခါးက အခုလိုပြောပါတယ်။
2014-06-05
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေ ဟာ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခန်း မဆောင်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
2014-06-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ က တနင်္သာရီတိုင်း မြိတ်မြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် နေရာခွင့်ပြုချက်တောင်းရာမှာ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ငြင်းပယ်လိုက် တယ်လို့ သိရပါတယ်။