သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-04
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက်ဟာ ပါတီတစ်ခုတည်းရဲ့ တောင်းဆိုချက်ဖြစ်တာကြောင့် ပါတီစုံစနစ်ကို လက်ခံသူတွေအကြား အထင်အမြင်လွဲစရာ ရှိနိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။
2013-12-04
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် တပ်မတော်အနေနဲ့ ပံ့ပိုးကူညီနေကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြော ကြားလိုက်ပါတယ်။
2013-12-03
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်း သားတွေရဲ့ ဝါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆု ချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-12-03
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေး မှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
2013-12-03
ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက် က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည် ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြ ပါတယ်။
2013-12-03
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2013-12-03
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မက ငြင်းပယ်မှု မရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားပါတယ်။
2013-12-02
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ မနေ့က သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့ အစည်း ဘယ်လိုအေးအေးချမ်းချမ်း အတူနေထိုင်နိုင်မလဲ ဆိုတဲ့ အကြံပြုချက်တွေကို တောင်းခံခဲ့ပါတယ်။
2013-12-02
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်း လိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြား လိုက်ပါတယ်။
2013-12-02
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရဲ့ မေတ္တာရပ်ခံစာအပေါ် အစိုးရအုပ်ချုပ်ရေး ဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီ အရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလား သလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-12-02
ကျားဖြူပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားမျာ းဒီမိုကရက်တစ်ပါတီ SNDP နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် ပါတီဝင်တွေရဲ့ သဘောထားနဲ့ လူထုသဘောထားရယူဖို့ ကျားဖြူပါတီဖက်က စီစဉ်ထားတယ်လို့ သိရပါတယ်။
2013-12-02
ထိုင်းနိုင်ငံရောက ်ရှမ်းအမျိုးသားတွေ စုပေါင်းပြီး ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ချင်းမိုင်မြို့မှာ ဒီနေ့ စည်စည်ကားကား ကျင်းပနေပြီး ဒီပွဲကို လာရောက်ဖျော်ဖြေပေးတဲ့ ရှမ်းခေတ်ပေါ်တေးဂီတ အဆိုတော် စိုင်းဆိုင်မောဝ်ကိုလည်း ရှမ်းစာဆိုတော်များ ဂုဏ်ပြုပွဲတစ်ခုအနေနဲ့ ဂုဏ်ပြုဆုပေး အပ်သွားမယ်လို့ သိရပါတယ်။
2013-12-01
တစ်ကမ္ဘာလုံး AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ ပွင့်လင်းမြင်သာမှု ပိုမိုရှိကြပြီး ကရုဏာတရား ပိုမိုထားရှိဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-12-01
ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ပွဲကို ဒီကနေ့မနက်ပိုင်းက ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပရာ မြန်မာနိုင်ငံသား ၁၀၀၀ ကျော် က ရဲစခန်းဝင်းကနေ မြို့လယ်လမ်းအတိုင်း မယ်တော်ဆေး ခန်းကို ချီတက်ခဲ့ကြပါတယ်။
2013-12-01
မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုပြီး ပါရှိတဲ့အချက်ကို ဒီနေ့ ရန်ကုန်မြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီတစ်ချို့က ကန့်ကွက်ဟောပြောခဲ့ကြပါတယ်။