သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-14
အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး မြန်မာစစ်ကောင်စီကို ဖိအားပေး တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီနေ့ ပြောလိုက်ပါတယ်။
2021-12-14
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ နမ္မတီးမြို့က နေအိမ်နှစ်လုံး ဒီဇင်ဘာ ၁၄ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ချိတ်ပိတ်တာခံလိုက်ရတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
2021-12-14
တနင်္သာရီတိုင်း ပုလောမြို့နယ်က အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားတဲ့ လက်ထောက် ပညာရေးမှူး ဦးသာဝင်း ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။
2021-12-14
အင်းစိန်ထောင်ထဲမှာ Silent Strike (အသံတိတ်ဆန္ဒပြ) ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၈၉ ဦးကို ထောင်အာ ဏာပိုင်တွေက ရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ဆေးဝါးလည်း ကုသခွင့် မရဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ က ပြောပါတယ်။
2021-12-14
ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးရာ NLD အမတ်တွေ အပါအဝင် အယောက် ၂၀ ခန့် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
2021-12-14
မန္တလေးမြို့မှာ ဒီဇင်ဘာ ၁၁ ရက်က စစ်သားတချို့ ပစ်ခတ်ခံရတာကို ထွက်ကြည့်ခဲ့ ပြီးနောက် အဖမ်းခံရထားရသူ ရှစ်ယောက် ဒီဇင်ဘာ ၁၄ ရက် ဒီနေ့အထိ အဆက် အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-12-14
ချင်းပြည်နယ် ကန်ပက်လက်မြို့ အုတ်ဖိုရွာမှာနေတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦးဟာ ဒီဇင်ဘာ ၁၃ ရက်က သေနတ်ဒဏ်ရာနဲ့ ပန်းလေပြေဟိုတယ် အနီးမှာ သေဆုံး နေတာ တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-14
စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က စစ်ကောင်စီသတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ ကိုချမ်းသာမိုးကို အမည်မသိ လူနှစ်ယောက်က ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2021-12-14
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) အပါအဝင် လက်ရှိ နိုင်ငံရေးဖြစ်စဉ်တွေကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရှေ့နေတွေကတဆင့် မှတ်ချက်ပေးခွင့်ရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2021-12-13
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ စစ်ဆင်ရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2021-12-13
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တစ်လတာကာလအတွင်း အရပ်သား ခုခံကာကွယ်စစ်ကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၁၁၇ ဦးအထိရှိခဲ့ပြီး ၆၈၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-12-13
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီနေ့ကစပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ တစ်ပတ်ကြာလေ့လာရေးခရီး စတင်နေပြီလို့ UN OHCHR အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-12-13
အိုးပစ်အိမ်ပစ်ထွက်ပြေးရတဲ့သူတွေ၊ အန္တရာယ်ကြုံနေရသူတွေမှာ စားနပ်ရိက္ခာ ဆေးဝါးဆိုတဲ့ လူသားချင်းစာနာမှု အကူအညီ အလွန်အမင်းလိုအပ်နေလို့ သူတို့ ဆီအရောက်ပေးမယ့်ကိစ္စကို စစ်ကောင်စီက ပိတ်ဆို့တားမြစ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2021-12-13
ဒီမိုကရက်တစ်မြန်မာအသံ (DVB) အတွက် Citizen Journalist – CJ သတင်း ထောက် တစ်ဦးအဖြစ် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကနေ သတင်းတွေ ပေးပို့နေတဲ့ ကိုအောင်စံလင်း ဟာ ဒီဇင်ဘာ ၁၁ ရက်ညက အဖမ်းခံလိုက်ရကြောင်း DVB သတင်းဌာနက ဒီကနေ့ ၁၃ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-12-13
ရန်ကုန် အင်းစိန်ထောင်မှာ အသံတိတ်သပိတ်ပြုလုပ်ခဲ့တဲ့ အကျဉ်းသား၊ အချုပ်သား တွေကို စစ်ကောင်စီက ရိုက်နှက်နှိပ်စက်တာတွေရှိခဲ့တဲ့အပြင် သပိတ်ဦးဆောင်သူ တွေကို တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။