သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-12
ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲ မတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အရေးယူထားတာ ၁၈ မှုရှိတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲရဲ့ အချက်အလက်တွေအရ သိရပါတယ်။
2020-11-12
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်က လက်ခံကြိုဆိုတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
2020-11-12
မဲရုံမှူးကို အင်တာဗျူးမေးမြန်းတာဟာ ဝတ္တရားနှောင့်ယှက်မှုမြောက်ပြီး တရားဥပဒေအရ အရေးယူနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ ပြောတာဟာ မီဒီယာကို ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်ရောက်ပြီး မီဒီယာအပေါ် အထက်စီးဆက်ဆံမှုကို ကန့်ကွက်ကြောင်း သတင်းမီဒီယာ အဖွဲ့အစည်း ၇ ခုက ဒီကနေ့ စုပေါင်း ကြေညာချက် ထုတ်လိုက်ပါတယ်။
2020-11-12
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ မတရားမှုတွေကို ဖြေရှင်းပေးဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီကြီး သုံးခုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားလွှာတွေ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။
2020-11-12
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က စာထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။
2020-11-12
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2020-11-12
ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုပုဒ်မ ၂၂၄ နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2020-11-12
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က လက်နက်ကြီးကျခဲ့လို့ ဒဏ်ရာရသူ ခြောက်ဦးထဲက ကလေး နှစ်ဦးနဲ့ လူကြီး နှစ်ဦးဟာ စစ်တွေဆေးရုံကြီးကို ဒီနေ့ မနက်အစောပိုင်းက အရေးပေါ်ကုသပေးနိုင်ရေးအတွက် ရောက်လာကြပါတယ်။
2020-11-12
တနင်္သာရီတိုင်း တစ်တိုင်းလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တွေသာ အနိုင်ရရှိသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-11-11
တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်ပြီး ပြစ်မှုကျူးလွန်တာတွေရှိရင် တိုင်ကြားနိုင်တဲ့ အကြောင်း UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
2020-11-11
ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ မနေ့ညနေက ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေး လေးဦးအပါအဝင် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
2020-11-11
ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စစ်တွေ၊ အမ်း၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက ရွေးကောက်ပွဲရလဒ်တချို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်လိုက်ပါတယ်။
2020-11-11
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ချင်းတိုင်းရင်းသားပါတီတွေဟာ ဒီနှစ်ရွေးကောက်ပွဲမှာ လွှတ်တော်သုံးနေရာအတွက်ပဲ အနိုင်ရခဲ့တယ်လို့သိရပါတယ်။
2020-11-11
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော် (၁) နဲ့ (၂) အပါအဝင် နေရာ လေးနေရာလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီကနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။
2020-11-11
နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုမဖြစ်လို့ USDP က အသိအမှတ်မပြုဘူးလို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။