သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-04
ကချင်ပြည်နယ်၊ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ဘေးဒုက္ခသည်စခန်း တွေမှာ အခုရက်ပိုင်းတွေအတွင်း ကိုဗစ်ပိုးတွေ့လူနာတွေ များပြားလာတာကြောင့်၊ စခန်းတချို့ကို အသွားအလာကန့်သတ်ထားရတယ်လို့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2021-11-04
အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ဟောင်း၊ ကုလသမဂ္ဂသံအမတ်ဟောင်း နဲ့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Bill Richardson နဲ့ အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မနေ့က ပြီးဆုံးခဲ့ပါတယ်။
2021-11-04
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ချင်းပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး အချိန်ကိုးရက်အတွင်း လူပေါင်း ကိုးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2021-11-04
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ အခုရက်ပိုင်းတွေအတွင်း တုပ်ကွေး ရောဂါခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းဦး က RFA ကို ဒီနေ့ပြောပါတယ်။
2021-11-04
စစ်ကိုင်းတိုင်း မင်းကင်းမြို့ ကူလဲရွာက ဒေသခံခုနစ်ဦးကို နိုဝင်ဘာ ၃ ရက် မနေ့ မနက် ၇ နာရီခွဲလောက်က ရွာကနေ မင်းကင်းဆိပ်ကမ်းကို အသွားမှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-11-04
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆယ်တန်းကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးလေးဦး ကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဖမ်းသွားပါတယ်။
2021-11-04
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက အဖမ်းခံ ထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးဟာ အင်းစိန် အကျဉ်းထောင်ထဲမှာ ကျန်းမာရေး ဆိုးရွားလာတာကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ပြင်ပဆေးရုံတစ်ခုမှာ ဆေးကုသနေရတယ်လို့ ရှေ့နေက ပြောပါတယ်။
2021-11-04
မန္တလေးမြို့၊ မဟာအောင်မြေမြိုနယ်မှာရှိတဲ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်းမှာ နိုဝင်ဘာလ ၄ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ကြပ်တစ်ဦး သေဆုံးကာ ဒုရဲအုပ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။
2021-11-04
ကယားပြည်နယ် ဖယ်ခုံမြို့မှာ နိုဝင်ဘာလ ၃ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) အပါအဝင် ဒေသခံကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
2021-11-04
မြန်မာနိုင်ငံထဲမှာ အရောင်းအဝယ်ပြုလုပ်ရင် (၁) ကြိမ်ကို ကျပ်ငွေ သိန်း ၂၀၀ ပဲ ငွေသားနဲ့ပေးချေရမှာဖြစ်ပြီး ကျန်တာအားလုံးကို ဘဏ်လုပ်ငန်းအပေါ် အခြေခံတဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုပဲ အသုံးပြုရမယ်လို့ စစ်ကောင်စီပိုင် ဗဟိုဘဏ်က နိုဝင်ဘာလ ၃ ရက် မနေ့ကစပြီး အမိန့်ထုတ်ပြန်ပါတယ်။
2021-11-04
စစ်ကောင်စီပိုင် မိုင်တယ် (Mytel) ဆက်သွယ်ရေးကုမ္ပဏီ ဦးဆောင်တွေထဲက တစ်ဦးဖြစ်သူ အငြိမ်းစား ရေတပ်ဗိုလ်မှူး ဦးသိန်းအောင်ဟာ နိုဝင်ဘာလ ၄ ရက် ဒီနေ့မနက်ပိုင်းက နေအိမ်အထွက်မှာပဲ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-11-04
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ မြဝတီဆက်ဆံရေးရုံးအဖွဲ့ဝင်တွေကို စစ်တပ်က ဖမ်းဆီးသွားတာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ PPST ခေါင်းဆောင် နိုင်အောင်မင်းက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2021-11-03
စစ်တပ်က အာဏာသိမ်းတော့မယ့်ဆဲဆဲ ရက်ပိုင်းအလိုမှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ စစ်အာဏာရှင်တွေ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ IMF က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2021-11-03
မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းသံအမတ် Erywon Yusof အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြု နိုင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
2021-11-03
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (CDF) တိုက်ပွဲမှာ မင်းတပ် CDF ဘက်က အသက် ၇၃ နှစ်အရွယ် ရဲဘော်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။