သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-09
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရသူစာရင်းကို UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့ကစတင်ပြီး တရားဝင်ထုတ်ပြန်ပါတယ်။
2020-11-09
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ စုစုပေါင်းလွှတ်တော် (၄) နေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တွေ အနိုင်ရသွားပါတယ်။
2020-11-09
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ MUP က သုံးနေရာအနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်နေရာအနိုင်ရရှိတယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရပါတယ်။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ မွန်ညီညွတ်ရေးပါတီ MUPနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPတို့ အားပြိုင်မှု ပြင်းထန်ခဲ့တဲ့ကြားက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိခဲ့ပါတယ်။
2020-11-09
ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီ က (၂) နေရာနိုင်ပြီးတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက (၂)နေရာ အနိုင်ရသွားပါတယ်။
2020-11-09
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ (၂) ကိုယ်စားလှယ်နေရာ (၄)နေရာစလုံးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိနိုင်သွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော် ဖြစ်ပါတယ်။
2020-11-09
ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ ဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၁ ဦးရဲ့စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီးစီးသွားပါပြီ။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲဆန္ဒနယ် ၅ နေရာလုံးမှာ မွန်ညီညွတ်ရေးပါတီ MUPက မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်
2020-11-09
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရွေးကောက်ပွဲရလဒ်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က သုံးနေရာအနိုင်ရရှိပြီး မွန်ညီညွတ်ရေးပါတီ MUP က တစ်နေရာအနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
2020-11-09
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွက် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်နှစ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဧရာဝတီတိုင်းတာဝန်ခံတွေက သတင်းထုတ်ပြန်ပါတယ်။
2020-11-09
ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်လို့မရဘဲ လက်ခံရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2020-11-09
မန္တလေးတိုင်းအတွင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်ကြားမှု သုံးခုရှိတယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။
2020-11-09
ရန်ကုန်တိုင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ဒီနေ့ ညနေမှာ ကြေညာခဲ့ပါတယ်။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်မှာ မဲဆန္ဒနယ် ငါးနေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
2020-11-09
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာ တစ်နေရာ ရှုံးနိမ့်ခဲ့ပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD က အနိုင်ရရှိသွားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။