သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-08
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင် တရားရုံးကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။
2021-12-08
တနင်္သာရီတိုင်း မြိတ်မြို့က ထမင်းဆိုင်ပိုင်ရှင်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးနောက် သုံးရက်အကြာ ဒီဇင်ဘာ ၆ ရက် မနေ့က မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2021-12-08
ဒီဇင်ဘာ ၇ ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာက အသတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်လေးဦး ပါဝင်နေပြီး သူတို့အားလုံးကို ဒီကနေ့ စုပေါင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-08
မန္တလေးမြို့မှာ ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်က အရုဏ်ဦးသပိတ်မှာ ဝန်းရံပေးမယ့် လူငယ်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကားသုံးစီးနဲ့ ဝင်တိုက်ပြီး သေနတ်တွေနဲ့ပါ ပစ်ခတ်ဖမ်းဆီးခဲ့လို့ အမျိုးသမီးတစ်ဦး အဖမ်းခံလိုက်ရပါတယ်။
2021-12-08
ပြည်တွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ MPT ၊ Telenor ၊ Ooredoo ၊ Mytel စတဲ့ ကုမ္ပဏီတွေ အကုန်လုံး ဒီဇင်ဘာ ၈ ရက် ဒီနေ့ကစပြီး ဒေတာသုံးစွဲမယ့် ဈေးနှုန်းတွေ ထက်ဝက်နီးပါးမြှင့်လိုက်ပါတယ်။
2021-12-08
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် မခင်မျိုးဟာ ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2021-12-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
2021-12-07
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်ညပိုင်းက သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေသူတချို့ကို ဖမ်းဆီးတာ လမ်းပေါ်ရပ် ထားတဲ့ အိမ်စီးကားတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-07
ကြည့်မြင်တိုင်မြို့နယ်က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ဖြိုခွဲပြီးနောက် အဖမ်းခံလိုက်ရတဲ့ MPA သတင်းထောက် နှစ်ယောက်ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေး ကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။
2021-12-07
ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းဖွင့်ပေးဖို့ အပါအဝင် စစ်တပ်နဲ့အစိုးရကို ဆန္ဒပြလို့ NLD အစိုးရလက်ထက်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ကျောင်းသားလေးဦး အမှု အယူခံတင်လွှာကို ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ရခိုင်ပြည်နယ်တရားလွှတ်တော် မှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ပါတယ်။
2021-12-07
ဆန္ဒပြ သတင်းယူနေရင်း စစ်ကားနဲ့ ဝင်တိုက်တာခံရလို့ ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဟာ စစ်ဆေးရုံမှာ ကုသ နေရပြီး ဒဏ်ရာမစိုးရိမ်ရတော့ပေမယ့် မိသားစုနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။
2021-12-07
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ဒီနေ့မနက်ပိုင်းက ကျေးရွာသား ၁၁ ယောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2021-12-07
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကလုံထာရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲခံရသူနှစ်ဦးကို သုတ်သင်လိုက်တယ်လို့ DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာ ၆ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
2021-12-07
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီး ခံရတဲ့ ချောင်းခွရွာသား ဦးငွန်နယ်ထန်းဟာ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ထုတ်ပြန်ထားပါတယ်။
2021-12-07
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ လိုက်လံပစ်မှုကြောင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။