သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-12
ကရင်အမျိုးသား အစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့အတွက် တွေ့ဆုံဆွေးနွေးရေး ကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
2011-11-12
အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြန်မလွတ် သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေး၊ စာအုပ်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုက်လံ ဝေငှနေရာမှာ ဒီကနေ့အထိ အကျဉ်းသား ၆၂၄ ဦးအတွက် ပေးလှူနိုင်ခဲ့တယ်လို့ သိရပါတယ်။
2011-11-12
အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော် ၁၂ ပါးအတွက် သိက္ခာထပ်၊ သိမ်တက် မင်္ဂလာပြုပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက် မှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက် မနက် ၉ နာရီက ကျင်းပရာမှာ ပရိသတ် တထောင်နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။
2011-11-12
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာ ပေမဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်များနေပြီး အခြေအနေ ဆိုးရွား လာနေတယ်လို့ အောက်တိုဘာလ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားပါတယ်။
2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
2011-11-11
ချင်းပြည်နယ်မှာ ခရစ်ယာန် လက်ဝါးကပ်တိုင်တွေကို မီးရှို့ခုတ်လှဲ ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း ဖြေရှင်းပေးဖို့ နိုဝင်ဘာ ၉ ရက်က ချင်းအမျိုးသား ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ တိုင်ကြားလိုက်ကြ ပါတယ်။
2011-11-11
မိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြုလာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
2011-11-11
အောက်တိုဘာလကုန်ပိုင်းက မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား အရေး ဆန္ဒပြမှုနဲ့ အရေးယူခံရတဲ့ ရှေ့နေ ဦးဖိုးဖြူ၊ လယ်သမား ၅ ဦးနဲ့ ဆန္ဒပြပွဲ လာကြည့်သူ တစ်ဦး တို့ကို ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ ဒီနေ့ စွဲချက် တင်လိုက်ပါတယ်။
2011-11-11
ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရရဲ့ကျန်းမာရေး အခြေအနေ ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစားနေရတယ်လို့ စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ တွေ့ခဲ့တဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။
2011-11-11
မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး အတွက် ကောက်ခံ ရရှိထားတဲ့ လက်မှတ်ပေါင်း ၃ သောင်းကျော်ကို အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (ဂျပန်ဌာနခွဲ) က ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးကို ဒီကနေ့ ပေးပို့ တောင်းဆိုလိုက်ပါတယ်။
2011-11-11
ဟင်္သာတ အကျဉ်းထောင်မှာ ၂၃ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရှင် ဦးကေလာသ ကျန်းမာရေး ချွတ်ယွင်းနေလို့ အပြင်ဆေးရုံမှာ ကုသလိုပေမဲ့ ထောင် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့သိရပါတယ်။
2011-11-10
မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ပါတယ်။
2011-11-10
မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်လာဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
2011-11-10
အင်းစိန် အကျဉ်းထောင်က အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က အဆုံးသတ် လိုက်ပြီလို့ ယူဆကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုပါတယ်။
2011-11-10
ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ပြန်လွတ်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်ဝင်းမြမြ အကျဉ်းထောင်မှာ ရှိမရှိ စစ်ဆေးဖို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပူတာအို ထောင်ပိုင်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။