သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-09
KNU အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။
2023-02-09
စစ်ကောင်စီတပ်က ပစ်ခတ်တာ၊ မြေပြင်သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းတာတွေကြောင့် အမျိုးသမီး ၄၁၄ ဦး သေဆုံးခဲ့တာလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
2023-02-09
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရသလို နောက်တစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
2023-02-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-02-09
အရပ်သားတွေကို ရက္ခိုင့်တပ်တော် (AA) ရဲ့ အောက်ခြေတပ်သားတွေက နှိပ်စက်မှုတွေရှိနေပြီး တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီက တောင်းဆိုလိုက်ပါတယ်။
2023-02-09
စစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်မှာ ရေးသားသူတွေ နေ့စဉ်လို အမှုဖွင့် ခံနေကြရတယ်လို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2023-02-09
ရေဦးမြို့ ဇီးကန်ရွာမှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီး နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-02-09
ထန်တလန်မြို့ ရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNA တပ်နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။
2023-02-08
ဒါးလက်ချောင်းအနောက်ရွာက အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
2023-02-08
အကျဉ်းဦးစီးတာဝန်ရှိသူတွေကို အင်းစိန်ထောင်တွင်းအခြေအနေ တင်ပြခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူနှစ်ဦး နှစ်ပတ်တိုက်ပိတ်ခံထားရပါတယ်။
2023-02-08
မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်ကစစ်ကောင်စီတပ်နဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။
2023-02-08
ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုအပေါ် အိန္ဒိယနိုင်ငံအနေနဲ့ မစိုးရိမ်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
2023-02-08
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီးဖမ်းထားသူ လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-08
ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို ဖေဖော်ဝါရီ ၈ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့အတွက် ကျေးရွာလေးရွာက ဒေသခံခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-07
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဗြိတိန်နိုင်ငံအစိုးရအကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။