သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-07
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှုအတွက် ဆိုင်မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ဒေသအဆင့်တရားရုံးက သေဒဏ်ချတဲ့အပေါ် တရားမမျှတလို့ အမှုမှန်ပြန်စစ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုပါတယ်။
2023-02-07
တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းပေါ်မှာ ကားတစ်စီးပစ်ခတ်ခံရလို့ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။
2023-02-07
အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေငါးသောင်းနီးပါးနေထိုင်ခဲ့ကြပြီး မူလနေရာမှာ ပြန်နေထိုင်ခွင့်ရဖို့ စုဝေးတောင်းဆိုခဲ့တာပါ။
2023-02-07
ခင်ဦးမြို့နယ် မြကန်ရွာကို စစ်ကြောင်းဝင်လာလို့ ရွာခံတွေအပါအဝင် ဒုက္ခသည် စုစုပေါင်း ရှစ်ရာနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2023-02-07
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နှစ်ရက်အတွင်း ရွာငါးရွာက ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-02-06
ရုရှား-ယူကရိန်း ပဋ္ဋိပက္ခအရှိန်မြင့်လာဖွယ်ရှိတာဟာ စစ်ပွဲပိုကျယ်ပြန့်လာမယ့်ဘက် ဦးတည်နေတဲ့ သဘောသက်ရောက်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံတွေကို မနေ့က သတိပေးလိုက်တာပါ။
2023-02-06
မြန်မာနိုင်ငံ အခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို အမေရိကန်သမ္မတက နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ပါတယ်။
2023-02-06
ဇန်နဝါရီလတစ်လအတွင်း အရပ်သား ၁၁၆ ဦး အသတ်ခံရပြီး တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ နေအိမ်ငါးထောင်ကျော်မီးရှို့ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-02-06
ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့လမ်းပိုင်း၊ ဇရပ်ဖြူရွာအနီးမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အိမ်စီးကားတစ်စီး မိုင်းထိတာကြောင့် လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးခဲ့တဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။
2023-02-06
ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
2023-02-06
လွိုင်ကော်မြို့နယ် ပီကင်းကောခူနဲ့ ဝါရီကောခူရွာကို ဇန်နဝါရီ ၅ ရက်နေ့ညပိုင်းက စစ်ကြောင်းထိုးမယ့်သတင်းကြောင့် နောက်ထပ် ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ PKPF အဖွဲ့က ပြောပါတယ်။
2023-02-06
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့က အသက် ၂၀ အရွယ် ဆေးတပ်သား အမျိုးသမီးတစ်ဦး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။
2023-02-06
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာထဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ရွာထဲမှာကျန်နေတဲ့ ဒေသခံငါးရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-06
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့၊ ဗာလ်ဗန်းရပ်ကွက်မှာ အပ်ချုပ်နဲ့ ယက္ကန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ India for Myanmar အဖွဲ့က RFA ကို ပြောပါတယ်။
2023-02-06
ပြည်သူ့အာဏာကို ပြည်သူတွေထံပြန်အပ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲပူးပေါင်းဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုပါတယ်။