သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-15
NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ မနက်ဖြန် ရန်ကုန်မြို့မှာ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးသွားမယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ဒီနေ့ ပြောပါတယ်။
2017-11-15
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို စတင်ဖွဲ့စည်းတဲ့ ရည်ရွယ်ချက် ကောင်းပေမယ့် အကောင်အထည်ဖော်မှု ညံ့တာကြောင့် ဖျက်သိမ်းတာ ကောင်းတယ်လို့ MICA ဥက္ကဌတာဝန်ယူခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ ပြောပါတယ်။
2017-11-15
ARSA အကြမ်းဖက်သမားတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေ နဲ့ အမည်စာရင်းတွေကို ပေးအပ်ပြီး အမြန်ဆုံးစုံစမ်းဖော်ထုတ်လွဲှပြောင်းပေးဖို့ မြန်မာဘက်က တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံကြောင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်မှာဖြစ်ကြောင်း သဘောတူညီချက် ရရှိထားတယ်လို့ ဒီနေ့ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ မနေ့ညက ပြောကြားလိုက်ပါတယ်။
2017-11-14
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသက ကျေးရွာ ၉ရွာလောက် မှာ စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စတင်ပေးနေပါတယ်။
2017-11-14
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုတွေ ရပ်တန့်ပေးဖို့နဲ့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်သူ လူဦးရေ ၆သိန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2017-11-14
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို လေ့လာကြည့်ရှုစစ်ဆေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2017-11-14
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာအကူအညီတွေ ပေးပို့နိုင်ခြင်း မရှိသေးဘူးလို့ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ဒီနေ့ ပြောပါတယ်။
2017-11-14
နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ရာထူးတိုးမူဝါဒ အစည်းအဝေးကို တက္ကသိုလ်ဆရာ ဆရာမများအသင်း UTA က ကန့်ကွက်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-14
မြန်မာနိုင်ငံက စာပေပညာရှင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး လာမယ့် ဒီဇင်ဘာလအတွင်း စာပေညီလာခံ ကျင်းပသွားမယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ကန့်ကွက်ကြောင်း နိုင်ငံရေး ပါတီ ၂၇ပါတီက ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပြီး နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ ပြောပါတယ်။
2017-11-14
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာကျပ်ငွေ ၁၈၀ ဘီလီယံခန့်ရှိတဲ့ ဂျပန်ယန်းငွေ ၁၅ ဘီလီယံကျော်ကို နှစ် ၄၀ စီမံကိန်းနဲ့ တောင်သူတွေကို ထုတ်ချေးဖို့ စီစဉ်ထားပါတယ်။
2017-11-14
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံ ထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ကို အာမခံပေးပေမယ့် ပုဒ်မ ၅၀၅ (ခ) အမှုကို အာမခံ မပေးခဲ့ဘူးလို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင် က ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
2017-11-13
ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒိန်းမတ်နိုင်ငံက ကူညီထားတဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုသွားမယ်လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဒီနေ့ ပြောပါတယ်။