သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-06
ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အဦး ၁၃၀ ကျော် ထဲက ၁၂၀ ကျော် ကို နိုဝင်ဘာလ အတွင်း ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်လို့ ရန်ကုန် မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက် မှု စိစစ်ရေးကော်မတီ ကပြောပါတယ်။
2016-11-06
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေးငယ် ၅ ယောက်ကို ဓားနဲ့ ခုတ်တဲ့အတွက် ၂ ဦးသေဆုံး ပြီး ဖခင်ဖြစ်သူကလည်း မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ ပါတယ်။
2016-11-06
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း ငယ်ရဲ့ အရှိန်ကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-11-05
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က အစိုးရလုံခြုံရေးအဖွဲ့တွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင် မဟုတ်သူတွေ ကို ပြည်သူ့စစ်သဖွယ် လက်နက်တပ်ဆင်ပေးမယ့်ကိစ္စ အပေါ် လူ့အခွင့်အရေးအဖွဲ့တချို့က ကန့်ကွက်လိုက်ပါတယ်။
2016-11-05
သဘာဝဘေးအကြောင်းပြပြီး လိမ်လည် အလှူခံနေတာတွေကို အရေးယူဖို့ အချက် ၁၂ ချက်ပါ စည်းကမ်းချက်တွေကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2016-11-05
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင် လောင်းလုံမြို့နယ် ဘူးထောင့် ကမ်းခြေတံငါစုရွာက ဒေသခံတွေကို လက်နက်ကိုင်ဆောင် ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ သစ်ခိုးထုတ် သူတွေကို တိုင်းဒေသကြီးအစိုးရက အရေးမယူ ရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားသွားမယ်လို့ ထားဝယ်တိုင်းရင်းသားပါတီ ဥက္ကဌက ပြောပါတယ်။
2016-11-05
မကွေးတိုင်းဒေသကြီးက မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီတွေ တင်ပြတဲ့ မြေယာသိမ်းဆည်းမှု ဆိုင်ရာ သုံးသပ်ချက်တွေမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ လယ်သမားတွေရဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို ချန်ထား ခဲ့တာ တွေ့ရတယ်လို့ တိုင်းအဆင့် ကော်မတီဝင်က ပြော ပါတယ်။
2016-11-05
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာမှာ မြစ်ရေတိုက်စား မှုကြောင့် ကျေးရွာကအိမ်တွေ၊ လုပ်ကိုင်စားသောက်နေတဲ့ ကိုင်းမြေတွေ ပျက်စီးပြီး ပြောင်းရွေ့နေထိုင်ဖို့ နေရာအခက် အခဲဖြစ်နေတယ်လို့ ဒေသခံတွေက တောင်းဆိုပြောပါတယ်။
2016-11-05
နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဟာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီကနေ့ကျင်းပ တဲ့ ကလေးစာပေပွဲတော်ဖွင့်ပွဲမှာ အဖွင့်မိန့်ခွန်းပြောနေရင်း မျက်ရည်ကျခဲ့ပါတယ်။
2016-11-05
ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူမ မရှိပဲ တည်တည် ငြိမ်ငြိမ် ရပ်တည်နိုင်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။
2016-11-05
စစ်သားတွေက မုဒိန်းကျင့်တဲ့အကြောင်း စွပ်စွဲရေးသားတဲ့ သတင်းကို အစိုးရက ဝေဖန်ပြီးတဲ့နောက် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times သတင်းထောက်ကို အလုပ်ကထုတ်ပယ် လိုက်တဲ့အတွက် မြန်မာနိုင်ငံက သတင်း လွတ်လပ်ခွင့်ကို လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေက ပိုမို စိုးရိမ် မကင်းဖြစ်ရတယ်လို့ ရိုက်တားစ် သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
2016-11-05
ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဌာနေညှိနိုင်းရေးမှူး Renata Lok-Dessallien ရီနာတာ လော့ ဒက်စယ်လီယန် က အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာတွေ ရဲ့အကြောင်းရင်း ဇစ်မြစ်ကိုသေသေချာချာ လေ့လာရှာဖွေ ပြီး ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမျိုးသာသာကွဲပြားသူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် နည်းလမ်းကို ရှာဖို့ အလွန်အရေး ကြီးကြောင်း ပြောကြားခဲ့ပါတယ်။
2016-11-04
အရင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ငွေကျပ်သန်း ၆ ထောင်ကျော် ကုန်ကျမယ့် နမ့်မာလုံ ရေအားလျှပ်စစ်စီမံကိန်းဟာ ကုန်ကျ စရိတ်နဲ့ အကျိုးအမြတ်ရရှိမှု မညီမျှတာကြောင့် လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းကို ဖျက်သိမ်းလိုက် ပါတယ်။
2016-11-04
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ကျေးရွာတဝိုက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ စစ်အဖွဲ့က ဒေသခံတချို့ကို ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့တဲ့ အတွက် ရားလူး ရွာသား ၅ ဦး ဒဏ်ရာရရှိ ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
2016-11-04
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ပြုလုပ်မယ့် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုကို မြို့နယ် ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။