သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-02
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မနေ့က ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၇ဦးအထိ ရှိနေပြီဖြစ်တယ် လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။
2015-11-02
မြန်မာနိုင်ငံမှာ ဘာသာလူမျိုးဆိုင်ရာ ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ မုန်းတီးရေးစကားတွေ၊ လှုံ့ဆော်တဲ့လုပ်ရပ်တွေ၊ ဘာသာရေး ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်တာတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် မကြာခင်ကျင်းပတော့ မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်းက တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
2015-11-02
မဲပေးခွင့်ရှိသူ နောက်ဆုံးအပြီးသတ်စာရင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီနေ့ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။
2015-11-02
ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်က စီမံခန့်ခွဲနိုင်ဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိနိုင်ပါစေလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးက ပြောပါတယ်။
2015-11-02
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ မှာ နေပြည်တော်က မဲရုံတွေမှာ လုံခြုံရေး တာဝန်ယူကြမယ့် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဇမ္ဗူသီရိ မြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ ဒီကနေ့ ကြိုတင်မဲပေးကြ ပါတယ်။
2015-11-01
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး မြန် မာပြည် မြောက်ပိုင်းမှာ အဖွဲ့အစည်း ထူထောင်ခြင်း ၂၇ နှစ်မြောက်အခမ်းအနားကို လိုင်ဇာမြို့ အနီးရှိ ဂျန်ထုန်လခွမ်းဘွမ်ဌာနချုပ်မှာ မနေ့က ကျင်းပကြ ပါတယ်။
2015-11-01
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေပြီးဖြစ်တဲ့ မဲလက်မှတ်တွေမှာ မွန်အမျိုးသားပါတီရဲ့တံဆိပ် ကြယ်ဖြူနဲ့ဟင်္သာပုံဟာ အရောင် ကွဲလွဲနေတာကြောင့် မွန်အမျိုးသားပါတီက ကန့်ကွက်လိုက် ပါတယ်။
2015-11-01
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မုံရွာကနေ ဟုမ္မလင်းကိုပြေးဆွဲနေတဲ့ ရာဇာထွန်း အမြန်ရေယာဉ် ဒီနေ့မနက် ၅ နာရီခွဲလောက်က တိမ်းမှောက်ခဲ့ရာမှာ အခုထိသေဆုံးသူ ၄ ဦးရှိပြီး၊ ၂ဝ နီးပါး ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
2015-11-01
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို တပ်မတော်ဘက်က ဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်းဖို့ အပစ် ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား လှယ်တွေ သဘောတူညီခဲ့ကြပါတယ်။
2015-11-01
ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရာမှာလွယ်ကူစေဖို့အတွက် မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေကို ဒီနေ့ နိုဝင်ဘာ ၁ ရက်ကနေစပြီး နိုင်ငံ တဝှမ်းမှာ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။
2015-11-01
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့အတွက် ပြည်သူတစ်ဦး ချင်းစီက တာဝန်ယူပေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-10-31
အမျိုးစောင့်ဥပဒေ လေးရပ်ဟာ နိုင်ငံတော် သမ္မတရဲ့ မေတ္တာကြောင့် ပေါ်ပေါက် လာတာဖြစ်ပြီး မေတ္တာဟာ အသွား အပြန်ရှိသင့်တဲ့အကြောင်း ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားတော်မူပါတယ်။
2015-10-31
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ပညာရေး ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားနဲ့ ဝိုင်းရံသူတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း က မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။
2015-10-31
ပြည်သူတွေအနေနဲ့ မိမိတို့ မကြိုက်တဲ့အစိုးရကို ဖြုတ် ချနိုင်ဖို့အတွက် စည်းလုံးညီညွတ်ပြီး သစ္စာရှိဖို့လိုအပ် တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-10-31
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားမယ်ဆိုရင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တွင်းမှာလည်း ဒီမိုကရေစီထွန်းကားဖို့ လိုအပ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြော ပါတယ်။