သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-19
ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ကန့်သတ်စောင့်ကြည်တာ (Quarantine) လုပ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။
2020-04-19
ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူတွေကို ကုသနိုင်ပေးနိုင်ရေးအတွက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကျန်းမာရေး စင်တာအဖြစ် ပြောင်းလဲတည်ဆောက်ပြီးဖြစ်လို့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ စတင်လက်ခံကုသနိုင်မှာ ဖြစ်ပါတယ်။
2020-04-18
ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး မြို့နယ်ခုနှစ်မြို့နယ်မှာ အပြင်မထွက်ဘဲ နေအိမ်မှာပဲနေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2020-04-17
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတဦးတွေ့ပြီးနောက်ပိုင်းမှာ ကလေးမြိုနယ် စည်ပင်သာရေးကော်မတီနဲ့ ကျန်းမာရေးဌာနက ဦးဆောင်ပြီး ကလေးမြို့ စျေး ၅ စျေးက ပျံကျစျေးသည်တွေကို နေရာရွှေ့ပြောင်းနေပါတယ်။
2020-04-17
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ မနေ့ညနေက ပစ်ခတ်မှုဖြစ်လို့ ကလေးတစ်ဦးသေဆုံးပြီး ရိုဟင်ဂျာ ၅ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ကျောက်တော်တံတားအနီးမှာ အလုပ်လုပ်နေတဲ့ ဒေသခံ ၃ ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
2020-04-17
နိုင်ငံတော်သမ္မတလွှတ်ပေးတဲ့ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းသား နှစ်သောင်း ကျော်ထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာပါတယ်။
2020-04-17
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တစ်သောင်းခွဲလောက် ပြန်ဝင်လာမယ်လို့ သိရပြီး လောလောဆယ်တော့ တစ်ရက်ကို အယောက် နှစ်ရာနှုန်းနဲ့ ပြန်ဝင်လာနေကြပါတယ်။
2020-04-15
အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ခဲ့တာ ရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုတာ၊ ဖမ်းဆီးတာတွေကြောင့် သတင်းမီဒီယာသမားတချို့ အခုအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2020-04-15
နေပြည်တော် ကောင်စီနယ်မြေက စည်ပင်သာယာရေး ကော်မတီဈေးတွေမှာ ဈေးရောင်းသူ၊ ဝယ်သူအားလုံး နှာခေါင်းစည်း Mask တပ်ဖို့နဲ့ နှာခေါင်းစည်းမပါရင် ဈေးထဲကို မဝင်ဖို့ ညွှန်ကြားထားပါတယ်။
2020-04-15
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်အပန်းဖြေလေ့ရှိတဲ့ စစ်တွေကမ်းခြေကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ပိတ်လိုက်ပြီး ရဲတပ်ဖွဲ့အင်အား တွေကိုပါ အများအပြားချထားပါတယ်။
2020-04-15
ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကိုရိုနာဗိုင်းရပ် အတည်ပြု လူနာ သုံးဦးကို ကလေးမြို့ ဆေးရုံကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကြောင့် ကလေး မြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဧပြီလ ၁၄ ရက်နေ့မနေ့က စာထုတ်ခဲ့ပြီးနောက် ၁၅ ရက်နေ့ ဒီနေ့မှာတော့ ကလေးမြို့မှာ ပိုးတွေ့လူနာ တစ်ယောက် ရှိလာပါတယ်။
2020-04-15
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မန္တလေးမြို့ကိုရောက်ရှိနေပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စောင့်ကြည့်တဲ့စခန်းတွေ၊ ဖျားနာရောဂါ ကုသပေးတဲ့ ဆေးခန်းတွေကို လာရောက်လေ့လာနေ ပါတယ်။
2020-04-14
ရန်ကုန်မြို့ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များပြားလာတာနဲ့အမျှ လူနေထူထပ်တဲ့ မြို့ပြကနေ လူနေကျဲပါးတဲ့ နေပြည်တော်ကို လူအများအပြား ထွက်လာကြတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့အပြီး နေပြည်တော်ကို ၀င်လာတဲ့ ခရီးသွားတွေ အားလုံးကို ဧပြီလ ၁၄ ရက် (မနေ့) ညနေပိုင်းကစတင်ပြီး ခရီးသည်အားလုံးကို စိစစ်ပြီး အချက်အလက်ကောက်ယူတာ၊ ကိုယ်အပူချိန်တိုင်းတာတွေ စတင်လုပ်ဆောင်နေပါတယ်။
2020-04-14
ရခိုင်ပြည်နယ် အမ်းမြို့နယ် အလယ်ကျွန်းကျေးရွာကို ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်နေ့ ညက လက်နက်ကြီး ကျရောက်လို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ရာမှာ ဒဏ်ရာရလူနာတွေကို ဒီနေ့အထိ ဆေးရုံကိုပို့ဆောင်ခွင့် မရသေးဘဲ တားမြစ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2020-04-14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရေးကာလ ညွန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့်ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။