သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-25
တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာမှာ တစ်ပိုင်တစ်နိုင်ကျောက် မိုင်းလုပ်ငန်းက မိုင်းပေါက်ကွဲမှှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-12-24
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြမှာဖြစ်ပါတယ်။
2016-12-24
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖာ လုံကျေးရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၅ ဦးကို လားရှိုးဆေး ရုံမှာ ဆေးကုသနေပါတယ်။
2016-12-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ် ကျောက်ဖျာကျေးရွာအုပ်စုမှာ မြို့သစ် စီမံကိန်းကြောင့် ရွာ ၇ ရွာက သိမ်းဆည်းခံ ထားရတဲ့မြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့အတွက် ဒေသခံ ၂၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-12-24
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော် မရှင်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဒီလ ကုန်လောက်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ပြော ပါတယ်။
2016-12-24
ရခိုင်ပြည်နယ် မောင်တောဒေသခံ အမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုရှိ ပါက ဥပဒေနဲ့ အညီ တိုင်ကြားနိုင်ကြောင်းနဲ့ အမှန်တကယ် နစ်နာသူကို ထိရောက်စွာ အကာအကွယ်ပေးမယ်လို့ နိုင် ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီဇင်ဘာ ၂၃ ရက် မနေ့က တိုက်တွန်း ကြေညာလိုက်ပါတယ်။
2016-12-23
ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ် ပွားခဲ့တဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာ မှာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး သေဆုံးသူ အမျိုးသမီး ၁ ဦးနဲ့ ကျေးရွာ သား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
2016-12-23
မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ကြားမှာ အခုရက်ပိုင်း ကားလမ်း ပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။
2016-12-23
မောင်တောမြို့နယ် ငါးခူရအလယ်ရွာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံဖြေကြား ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ဒေသခံမွတ်စလင် အမျိုးသားတစ်ဦး ခေါင်းပြတ်သေဆုံးနေတာကို ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။
2016-12-23
KIA အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး အစ္စလာမ်တပ်ထူထောင်ဖို့ ကြိုးပမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ လေးဦးကို မန္တလေး ခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ ထောင် ဒဏ်တစ်သက်တစ်ကျွန်းကျခံဖို့ မနေ့က အမိန့်ချမှတ်လိုက် ပါတယ်။
2016-12-23
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ဈေးတက်လာရာ မှာ ဒီကနေ့ Octane အောက်တိန်း တစ်လီ တာကို ကျပ် ၇၅၀ အထိ ဈေးတက်လာနေ သလို ဒီဇယ်တစ်လီတာကိုလည်း ၇၀၅ ကျပ် အထိ ဈေးတွေမြင့်တက်နေပြီး လာမယ့်သတင်းပတ်မှာ ဆက်လက်တက်နေဖို့ အလားအလာရှိနေပါတယ်။
2016-12-23
တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာနဲ့ ကွမ်လုံကျေးရွာတွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၇၂ ယောက်ကို တောင် ကြီးမြို့နယ် တရားရုံးက မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။
2016-12-23
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ၊ ကျေးဇူးတော်ကျေးရွာက ရွှေပဒုမ္မာကုမ္ပဏီ ပိုင်မြေထဲမှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ မူလပိုင်ရှင် တောင်သူ ၄ ယောက်ကို ဒဏ်ငွေ ၅ ထောင်စီ ပေးဆောင်ဖို့ ရေဖြူမြို့နယ်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
2016-12-23
နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ မန္တလာမင်းခရီးသည်တင် ယာဉ်ဟာ မနေ့ည ၇ နာရီ မိနစ် ၂၀ အချိန် မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့ တာကြောင့် ၇ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-12-22
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တတိယ ၃ လပတ် အတွင်း နိုင်ငံခြားကနေ လက်ကိုင်စမတ် ဖုန်း အလုံးရေ ၂ သန်းခွဲတင်သွင်းခဲ့တဲ့ အတွက် အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၆% များလာတယ်လို့ IDC (International Data Corporation ) ခေါ် နိုင်ငံတကာ အချက်အလက်စုဆောင်းရေး ကော် ပိုရေးရှင်း က ဒီဇင်ဘာ ၂၂ ရက်နေ့ မနေ့က ကြေညာလိုက် ပါတယ်။